SJ WorldNews - шаблон joomla Авто

ရွှေဈေးကွက် စောင့်ကြည့် လေ့လာရေး ကော်မတီ ဖွဲ့စည်းရန် အစီအစဉ်များ လုပ်ဆောင်ထားခြင်း မရှိသေး

Saturday, 10 February 2018 15:55 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဖေဖော်ဝါရီ 

ရွှေဖြင့်ပြုလုပ်သော အနုပညာ ပစ္စည်းများနှင့်  အသုံးအဆောင်ပစ္စည်းများကို ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်း သို့ တင်သွင်းခြင်း တို့အတွက်    ရွှေဈေးကွက် စောင့်ကြည့်  အကဲဖြတ် ထိန်းညှိရေး ကော်မတီ တွင် လျှောက်ထားရမည်ဟု ဆိုသော်လည်း လက်ရှိအချိန်ထိ  ကော်မတီဖွဲ့စည်းရန် အဆိုပါ အစီအစဉ် များကို   လုပ်ဆောင်ထားခြင်းမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး   ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်ထံမှ သိရသည်။

အဆိုပါပစ္စည်းများကို  တင်ပို့ခြင်း၊ တင်သွင်းခြင်း ပြုလုပ်လိုသူများအနေဖြင့် တင်ပို့၊ တင်သွင်းခွင့်မှတ်ပုံတင် လျှောက်ထား ခြင်း၊ တင်ပို့၊ တင်သွင်းမည့်ပမာဏ၊ စံချိန်စံညွှန်း၊ ဈေးနှုန်းနှင့် တန်ဖိုးသတ်မှတ်ချက်     လျှောက်ထားခြင်း၊ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားခြင်း၊ တင်ပို့၊ တင်သွင်းခွင့်လိုင်စင် သက်တမ်း တိုးခြင်း၊   တင်ပို့၊ တင်သွင်းခွင့် လိုင်စင်ပြန်လည် အပ်နှံခြင်းတို့ကို  သတ်မှတ်ချက်များ နှင့်အညီ  ပြုလုပ်ရ မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  အမိန့်ကြော်ငြာစာ  ထုတ်ပြန် ခဲ့သည်။

အဆိုပါသတ်မှတ်ချက်များထဲမှ  တင်ပို့တင်သွင်းမည့်ပမာဏ၊ စံချိန်စံညွှန်း၊ ဈေးနှုန်း နှင့် တန်ဖိုး သတ်မှတ် ချက် လျှောက်ထားခြင်း သတ်မှတ်ပစ္စည်းများကို   ခွင့်ပြုချက်ရရှိရန်  ရွှေဈေး ကွက်စောင့်ကြည့် အကဲဖြတ်  ထိန်း ညှိရေးကော်မတီတွင်  လျှောက်ထားရမည် ဖြစ်ကြောင်း၊ ထိုသို့သတ်မှတ်ရခြင်းမှာ တင်ပို့၊ တင်သွင်းခြင်းများကြောင့်  ပြည်တွင်း ငွေကြေးဈေးကွက်  ထိခိုက်မှုမရှိစေရန် ထိန်းညှိရေး  ကော်မတီကို  ထားရှိခြင်း ဖြစ်ကြောင်း  သိရသည်။

ရွှေဈေးကွက် စောင့်ကြည့် အကဲဖြတ် ထိန်းညှိရေး ကော်မတီကိုလည်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊  သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ မြန်မာ နိုင်ငံ ရွှေဗဟို ဈေးကွက်ကော်မတီ တို့မှကိုယ်စားလှယ်များဖြင့်  ပြည်ထောင်စု အစိုးအဖွဲ့၏ ခွင့်ပြုချက်နှင့် ဖွဲ့စည်း ရမည်ဖြစ်ကြောင်း သိရသည်။            

 

Read 73 times Last modified on Saturday, 10 February 2018 15:56