SJ WorldNews - шаблон joomla Авто

ပယင်းရတနာ များကို တရုတ်နိုင်ငံက ဝယ်ယူသူ မရှိဖြစ်နေ

Tuesday, 13 February 2018 09:24 font size decrease font size decrease font size increase font size increase font size

မြစ်ကြီးနား ဖေဖော်ဝါရီ  ၁၂

ကချင်ပြည်နယ်၌ ထွက်ရှိသော ပယင်း ရတနာများကို ယခင်က နှစ်နိုင်ငံ ထိစပ်လျက်ရှိသည့် တရုတ်နိုင်ငံသို့ ရောင်းချကြသော်လည်း ယခုအခါတွင် တရုတ်နိုင်ငံကလည်း ဝယ်ယူသူမရှိ ဖြစ်နေပြီး အရောင်းအဝယ် အေးနေသဖြင့် ပယင်းရတနာ ရောင်းဝယ်သူများမှာ ပြည်တွင်း ဈေးကွက်ဖြစ်သည့် မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့ အထိ သွားရောက် ရောင်းချနေကြရကြောင်း သိရသည်။

''လွန်ခဲ့တဲ့ ခြောက်လလောက် တုန်းကတော့ တနိုင်းဒေသထွက် ပယင်းကုန်ကြမ်းကို အချောပဲဖြစ်ဖြစ်၊ အကြမ်းပဲဖြစ်ဖြစ် တရုတ်နိုင်ငံမှာ သွားရောင်းရင် ခေါက်ချိုးအမြတ် ကျန်ပါတယ်။ အခုကတော့ မဟုတ်တော့ဘူး။ တရုတ်နိုင်ငံမှာက ဝယ်လက်လည်း မရှိတော့ဘူး။ ဝယ်ပြန်တော့လည်း အရှုံးခံရောင်းရမလို ဖြစ်နေတယ်'' ဟု   ပယင်းရတနာ ရောင်းဝယ်သူ လီဆူတိုင်းရင်းသား ကိုအားခီကပြောသည်။ ယခုအခါ ပယင်းရတနာများကို မန္တလေးမြို့ရှိ ရတနာဈေးကွက်တွင် ရောင်းချခွင့်ရရှိပြီး အချောထည်သာ ရောင်းချခွင့် ရရှိခြင်းကြောင့် အကြမ်းထည်များကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပုံဖော်သွေး၍ ပုတီး၊ လည်ဆွဲ၊ လက်ကောက်လုံး၊ လက်စွပ်များ ပြုလုပ် ရောင်းချရသည်။ ပယင်းရတနာ ဝယ်ယူသူ များကလည်း ပုတီး၊ လည်ဆွဲ၊ လက်စွပ်များကိုသာ ဝယ်ယူမှုပိုမိုများပြားကြောင်း သိရသည်။

Read 156 times Last modified on Tuesday, 13 February 2018 09:31