SJ WorldNews - шаблон joomla Авто

စတော့ ဈေးကွက် အရှိန်မြှင့် လုပ်ဆောင်လာနိုင်စေရေး Special Task Force ဖွဲ့စည်းရန် စီစဉ်

Thursday, 29 March 2018 13:55 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မတ် ၂၈

ပြည်တွင်းရှိ စတော့လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်လာနိုင်ပြီး စတော့ဈေးကွက် ခိုင်မာလာစေရန် နှင့် အရှိန်မြှင့်တင် လုပ်ဆောင်လာနိုင်စေရန် ရည်ရွယ်၍ Special Task Force ကို ဧပြီလအတွင်း ရန်ကုန် စတော့အိတ်ချိန်း (YSX) နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်း၍ စတင်ဖွဲ့စည်းရန် စီစဉ်နေကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရ သည်။

''Special Task Force ဖွဲ့ပြီး မူလကုမ္ပဏီ အခြေအနေထက် တိုးတက်လာအောင် ကြိုးပမ်းနေပါတယ်။ စတော့မှာ စာရင်းဝင်မယ့် ကုမ္ပဏီတွေကို လွယ်လွယ်ကူကူ စာရင်းဝင်လို့ရအောင် ပညာပေးတာတွေ ထပ်မံ အရှိန်မြှင့်ဖို့လုပ်နေပါတယ်'' ဟု မြန်မာနိုင်ငံ ငွေချေးသက်သေခံ ကြီးကြပ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောသည်။ '' Special Task Force ကို ဧပြီ လလောက်မှာ ဖွဲ့ဖို့စီစဉ်ထားပါတယ်။ ဒါကိုဖွဲ့ပြီး စတော့ဈေးကွက် တိုးတက်အောင်လုပ်မယ်။ အခုဆိုရင် ရန်ကုန်စတော့ အိတ်ချိန်းကို လာဖို့ အခွင့်အလမ်းကောင်းပြီး စာရင်းဝင်နိုင်တဲ့ ကုမ္ပဏီတွေ အများကြီးရှိတယ်။ သူတို့အနေနဲ့ စတော့ဈေးကွက်ကို ဝင်လာဖို့ဆိုရင် အတတ်ပညာရှင် အဖွဲ့ငှားရတယ်။ Law Fan ၊ Accounting Fan တွေရှာဖွေရတယ်။

အဲဒီအခါ ဘယ်ဟာကတော်လဲ၊ ကောင်းလဲ၊ စရိတ်သက်သာလဲဆိုတာရှာရတာ အရမ်းခက်တယ်။ အဲဒီလို တွေမဖြစ်ရအောင် Task Force က အဖွဲ့ဖွဲ့ထားမယ်။ အဲဒီအဖွဲ့ထဲကနေမှ ကြိုက်တာရွေး One Stop Service ပေးမယ်။ ဒါတွေကို Special Task Force ကနေပြီး အဆင့်ဆင့် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်'' ဟု YSX မှ အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ပြောသည်။

ထို Special Task Force တွင် အဓိကအားဖြင့် စတော့ဈေးကွက်သို့ ဝင်ရောက်လာမည့် ကုမ္ပဏီများအနေဖြင့် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို အကြံပေး လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ယခုအခါ အလားအလာကောင်းသော အများပိုင်ကုမ္ပဏီများ၊ နာမည်ကြီး ပုဂ္ဂလိက ကုမ္ပဏီများသို့ သွားရောက်တွေ့ဆုံ၍ စတော့ဈေးကွက် သို့ဝင်ရောက်ရေးအတွက် အကြံဥာဏ်များ ပေးခြင်းနှင့် စည်းရုံးခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ စတော့ဈေးကွက်တစ်ခု အောင်မြင်လာစေရန်မှာ သီးခြားရပ်တည်ရန် မလွယ်ဘဲ ဖွံ့ဖြိုးပြီး စတော့ အိတ်ချိန်းများ၊ အာဆီယံ ဒေသတွင်းရှိ စတော့ အိတ်ချိန်းများနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန် လို အပ်ပြီး ယခုအခါ ရန်ကုန်စတော့အိတ်ချိန်းသည် အာဆီယံစတော့ အိတ်ချိန်းစီအီးအိုများ ညီလာခံ၊ အာဆီယံ အရင်းအနှီးဈေးကွက် ဖိုရမ်၊ မဲခေါင်ဒေသ စတော့အိတ်ချိန်းများ ညီလာခံ စသည်တို့နှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read 263 times Last modified on Thursday, 29 March 2018 13:58