SJ WorldNews - шаблон joomla Авто

လာအိုဖာလာနှင့် မြန်မာ့ချဉ်ပေါင် ဖာလာဈေးနှုန်း ၁ဝ ဆနီးပါးကွာဟနေ

Thursday, 29 March 2018 15:08 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   မတ်   ၂၈

ပြည်ပဈေးကွက်၌ လာအိုနိုင်ငံမှထွက်ရှိသည့်ဖာလာနှင့် မြန်မာ့ချဉ်ပေါင်ဖာလာဈေးနှုန်းမှာ ၁ဝ ဆနီးပါးကွာဟ နေကြောင်း  မြန်မာ့ချဉ်ပေါင်ဖာလာအသင်း ဒုတိယဥက္ကဋ္ဌ ဦးမြင့်အောင်ထံမှ သိရသည်။

လက်ရှိတွင်  ပြည်ပဈေးကွက်၌  လာအိုဖာလာ ၁ ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၆ဝ ရရှိပြီး မြန်မာ့ချဉ်ပေါင် ဖာလာ  ၁ ကီလိုဂရမ်လျှင်  အမေရိကန်ဒေါ်လာ ၆ ဒေါ်လာသာရရှိကြောင်း  သိရသည်။

''ဈေးက နည်းနည်းကွာတာ ဆိုရင် လက်ခံ  နိုင်တယ်။ အခု ၁ဝ ဆလောက် ကွာနေတာ။ဒီကပစ္စည်းက အော်ဂဲနစ် စစ်စစ်ဖြစ်ပေမယ့် ပုံစံကမလှဖြစ်နေတော့ ဈေးရရှိမှုနည်းနေတာဖြစ်ပါတယ်။  အနံ့ နံပြီး  အရွယ် အစား မညီတာကြောင့်လည်း ပါပါတယ်'' ဟု ဦးမြင့်အောင်ကပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ ချဉ်ပေါင်ဖာလာကို  တစ်နှစ်လျှင်  တစ်ကြိမ်သာခူးဆွတ်သဖြင့်    အရွယ်အစား မညီမျှမှုများနှင့်  တွေ့ကြုံနေရသောကြောင့်  ခူးဆွတ်ပုံကို သုံးကြိမ်ခန့်အထိ  ပြောင်းလဲနိုင်ရန် လိုအပ် ကြောင်း သိရသည်။

ပြီးခဲ့သည့်လေးနှစ်ခန့်က  မြန်မာ့ချဉ်ပေါင်ဖာလာမှာ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့ထက် ဈေးနှုန်းပိုမိုရရှိခဲ့ သော်လည်း ယင်းနိုင်ငံတို့၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ဈေးကွက်များကို  သက်ဆိုင်ရာက ရှာဖွေ ဆောင်ရွက်ပေးသည့်အတွက် မြန်မာ့ချဉ်ပေါင် ဖာလာထက် ဈေးနှုန်းမြင့်တက်လာ ခြင်းဖြစ်ကြောင်း သိရသည်။         

နေနေ

Read 334 times Last modified on Thursday, 29 March 2018 15:09