SJ WorldNews - шаблон joomla Авто

အကျိုးတူ လယ်ယာ စနစ်ဖြင့် တိုးချဲ့စိုက်ပျိုးပြီး ဈေးကွက်သစ်များ ဖော်ဆောင်ပေးပါက ပြောင်းဈေးနှုန်း တည်ငြိမ်နိုင်

Thursday, 29 March 2018 15:09 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   မတ်   ၂၈

ပြည်တွင်းရှိ    ပြောင်းဈေးနှုန်းများမှာ  အဓိကတင်ပို့နေသည့် တရုတ်နိုင်ငံ၏  ဝယ်လိုအားပေါ်တွင်    မူတည် လျက်ရှိရာ  နိုင်ငံတော်မှ  အကျိုးတူ လယ်ယာစနစ်ဖြင့်  တိုးချဲ့စိုက်ပျိုးပြီး  ဈေးကွက်သစ်များ  ဖော် ဆောင်ပေးပါက  ပြောင်းဈေးနှုန်းများ တည်ငြိမ်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်း စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်သူများ အသင်းဥက္ကဋ္ဌ  ဦးအောင်ကျော်ကျော်ထံမှ  သိရသည်။

ပြီးခဲ့သည့်နှစ်နှစ်က တရုတ်နိုင်ငံမှ   ပြောင်းဝယ်ယူမှု ကန့်သတ်လိုက်သဖြင့် ပြောင်းဈေးနှုန်းများ ကျဆင်းခဲ့ သောကြောင့်  ပြည်တွင်း၌ ပြောင်းစိုက်ဧက လျော့နည်းပြီး ပြောင်းလက်ကျန် နည်းပါးခြင်းများ ဖြစ်ပေါ် ကာ ပြောင်းဈေးနှုန်း ကောင်းမွန်လာကြောင်း သိရသည်။

ထိုသို့    ကောင်းမွန်လာသည့် အတွက်   တောင်သူများ အကျိုးဖြစ်ထွန်းသဖြင့် လာမည့်နှစ်တွင်  ပြောင်း ကို   ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း၊  ယင်းကဲ့သို့   တိုးချဲ့စိုက်ပျိုးရာတွင် အကျိုးတူလယ်ယာစနစ်ဖြင့် စိုက်ပျိုး ပါက ဈေးနှုန်းတည် ငြိမ်နိုင်မည်ဖြစ်ကြောင်း  သိရသည်။

''နိုင်ငံတကာမှာသွားနေတဲ့  Contract  Farming  စနစ်ဆိုတာ ရှိပါတယ်။  လက်ရှိ    မြေပဲကို အဲဒီ စနစ်နဲ့ လုပ်ဆောင်နေပါတယ်။

ပြောင်းကျတော့ တစ်နိုင်ငံလုံးစိုက်ပျိုးနေတဲ့ ဧရိယာက များနေတာဖြစ်လို့ အရေအတွက် များတဲ့အတွက်  တစ်ဦးတစ် ယောက်တည်း မနိုင်ဘူး။ အဲဒီအတွက်  နိုင်ငံတော်ကလည်း  ကုမ္ပဏီတွေ၊   ပြည်ပနိုင်ငံ ဈေးကွက်တွေနဲ့ စာချုပ်ချုပ်ထားရင်   ဈေးနှုန်းတည်ငြိမ်နိုင်မှာပါ'' ဟု ဦးအောင်ကျော်ကျော်ကပြော သည်။

လတ်တလောတွင်    တစ်နိုင်ငံလုံး၌   ပြောင်းစိုက်ဧက  ၁ဝ သန်းကျော်ရှိပြီး     ပြည်တွင်းပြောင်းကို     တိရစ္ဆာန် အစာစပ်အဖြစ် အသုံးပြုသည့်အပြင်  ပြည်ပဈေးကွက် လည်းရှိသဖြင့်  မတ်ပဲနှင့်  ပဲစင်းငုံ   စိုက်ပျိုးသည့် ဒေသများ၌     ပြောင်းစိုက်ပျိုးရန်သင့်လျော်ပါက အစားထိုး၍ တိုးချဲ့စိုက်ပျိုးသင့်ကြောင်း  သိရသည်။

နေနှင်း

Read 152 times Last modified on Thursday, 29 March 2018 15:10