SJ WorldNews - шаблон joomla Авто

ကြက်သွန်နီဈေး အနည်းငယ် ပြန်လည်မြင့်တက်လာသော်လည်း သင်္ကြန်ကာလ အပြီးတွင် ကျဆင်းနိုင်

Sunday, 08 April 2018 12:47 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဧပြီ ၇

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ယခင်ရက်များအတွင်း ကားအဝင်နည်းသည့်အတွက် ကြက်သွန်နီဈေးနှုန်းများ အနည်းငယ် မြင့်တက်လာသော်လည်း အထွက်ကောင်းသဖြင့် သင်္ကြန်ကာလအပြီးတွင် ဈေးနှုန်းများ ကျဆင်းနိုင်ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးခင်ဟန်ထံမှ သိရသည်။

ပြီးခဲ့သည့်ရက်များက ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီကား အစီး ၅ဝ ဝန်းကျင်အထိ ဝင်ရောက်ရာမှ ယမန်နေ့က နယ်စုံမှ ၂၆ စီးသာ ဝင်ရောက်သည့်အတွက် ကြက်သွန်နီ အောက်စ တစ်ပိဿာလျှင် ငွေကျပ် ၅၅ဝ မှ ထိပ်စ တစ်ပိဿာလျှင် ငွေကျပ် ၇ဝဝ မှ ငွေကျပ် ၇၅ဝ အထိ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

''ဈေးနှုန်းက ဒီနေ့ကို ၇၅ ကျပ် ၁ဝဝ လောက်အထိ တက်လာတယ်။ သင်္ကြန်နားနီးလို့ တက်လာတာ မဟုတ်ပါဘူး။ ကားအဝင်နည်းလို့ပါ။ ကားအဝင်များရင် ကျသွားဖို့ပဲရှိပါတယ်။ သင်္ကြန် ကာလပြီးရင်လည်း ပိုကျဦးမယ်'' ဟု ဦးခင်ဟန် ကပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ နယ်စပ်မှ ကြက်သွန်နီအနည်းငယ် တင်ပို့လျက်ရှိပြီး မိုးကြက်သွန်နီများကို ဇူလိုင်လနှင့် သြဂုတ်လ တို့တွင် စိုက်ပျိုးလေ့ရှိပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ဈေးကွက်အတွင်းသို့ ရောင်းချလေ့ရှိကာ ဆောင်းကြက်သွန်နီများမှာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ထွက်ရှိကြောင်း သိရသည်။

Read 73 times Last modified on Sunday, 08 April 2018 12:48