SJ WorldNews - шаблон joomla Авто

မိုင်းယုမြို့၌ မိုးမခမျှစ်ခါး စားသုံးသူ များပြားလာသဖြင့် ရှာဖွေရောင်းချသူများ အဆင်ပြေ

Thursday, 12 April 2018 13:47 font size decrease font size decrease font size increase font size increase font size

မိုင်းယု ဧပြီ   ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယုမြို့၌ မိုးမခမျှစ်ခါးများ စားသုံး သူများပြားလာသည့်အတွက်    မိုးမခမျှစ်ခါး ရှာဖွေတူးဖော် ရောင်းချသူများ မိသားစုဝင်ငွေ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

ဒေသခံ တိုင်းရင်းသားများ၏ ဒေသ အစားအစာများအနက် တစ်နှစ်မှ တစ်ခါတည်းသာ စားခွင့်ရသော သဘာဝအလျောက် အလေ့ကျ ပေါက်ရောက်ပြီး နှောင်းတန်ခူးလတွင် မြေကြီး အတွင်း ၌မြုပ်နေသည့်  မိုးရေမထိတွေ့သေးသော မျှစ်ခါးကို   စတင်တူးယူကြရသည်။

တန်ခူးလနှောင်းပိုင်းနှင့် ကဆုန်လဆန်း ကာလအကြား သင်္ကြန်မိုးကျပြီးနောက်  မျှစ်ခါးပင်မှာ မိုးရေကိုရရှိ၍ ယင်းပင်စည်မှတစ်ဆင့် မျှစ်စို့စတင်ထွက်ရှိလာကာ    မြေပေါ်သို့   ယင်းမျှစ်စို့စတင် ထွက်ပေါ်လာချိန်တွင် တူးယူခြင်းသည် အခါးဓာတ်ကင်းမဲ့နေပြီး ချိုမြိန်သော မိုးမခမျှစ်ခါး အရသာကို ရရှိစေကြောင်း၊ ထိုမျှစ်စို့များ မြေပေါ်သို့ စတင်ထွက်ပေါ်လာချိန်တွင်    မိုးရေ ထိတွေ့ပါက အချိုအဖြစ်မှ  အခါးအဖြစ်သို့  သဘာဝအလျောက် ပြောင်းလဲသွားသောကြောင့်''မျှစ်ခါး''ဟုခေါ်ဝေါ်ရခြင်းဖြစ်ကြောင်း သိရသည်။

သင်္ကြန်မိုးကျပြီးနောက် မြေပေါ်သို့ အစို့ စတင်ထွက်ပေါ်လာချိန်၌ပင် ဒေသခံတိုင်းရင်း သားများက အုပ်စုလိုက်သော် လည်းကောင်း၊ တစ်ဦးတစ်ယောက်တည်းသော် လည်းကောင်း မျှစ်ခါးပင်ရှိရာ    တောတောင်လျှိုမြောင်များသို့ သွားရောက်၍ ယင်းမျှစ်ခါးပင်စည် အခြေရှိ မိုးမခသေးသည့် မျှစ်ဦးစို့များအား အပေါ်ယံ အနည်းငယ် တူးဖော်ကြည့်ကာ မြင်တွေ့ပါက မြေအနက် တစ်ပေနီးပါးအထိ ဆက်လက်တူးယူမှသာလျှင် ချိုမြိန်သော မိုးမခမျှစ်ခါး ရရှိကြောင်း  မျှစ်ခါးရှာဖွေ တူးဖော် ရောင်းချသူများထံမှ သိရသည်။

ထိုသို့ တူးဖော်ရရှိလာသော မိုးမခမျှစ်ခါးအား မီးဖုတ်၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ၊ တို့စရာ ဟင်းလျာအဖြစ် လည်းကောင်း၊ ကြော်ချက်၍ လည်းကောင်း  အမျိုးမျိုး ချက်ပြုတ် စားသုံးကြကြောင်း၊ ရှားပါးစွာ တူးဖော်ရရှိလာသော မိုးမခမျှစ်ခါး ငါးချောင်းမှ ခြောက်ချောင်းပေါင်း တစ်စီးလျှင် ငွေကျပ် ၁ဝဝဝ မှ ၂ဝဝဝ အကြား ရောင်းချရကြောင်း သိရသည်။

Read 280 times Last modified on Thursday, 12 April 2018 13:52