SJ WorldNews - шаблон joomla Авто

ဆန်ခါတင် စာရင်းဝင် ကုမ္ပဏီ ၁၁ ခုသို့ Property Guru Myanmar 2018 အိမ်ခြံမြေဆုများ အပ်နှင်းမည်

Wednesday, 08 August 2018 09:00 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ် 

မြန်မာနိုင်ငံ၏ လေးစားယုံကြည်မှုအခံရဆုံး  အိမ်ခြံမြေလုပ်ငန်းများ အဖြစ် ဂုဏ်ပြု ချီးမြှင့်သည့် Property Guru Myanmar 2018  အိမ်ခြံမြေဆုများ၏  ဆန်ခါတင် စာရင်းဝင်ကုမ္ပဏီ  ၁၁ ခုကို  ယနေ့တွင် ထုတ်ပြန်လိုက် ကြောင်း Emerson Real Estate  (Myanmar) ၏ အုပ်ချုပ်မှုဒါရိုက်တာနှင့်  ဆုရွေးချယ်ရေး အဖွဲ့ဝင် ရစ်ချဒ်အီမာ ဆင်ထံမှ သိရသည်။

''မြန်မာအိမ်ခြံမြေဆု အစီအစဉ်က အလား အလာကောင်းတယ်။ ဆောက်လုပ်ရေး သမားတွေကို ရွေးချယ်ပြီး ထုတ်ဖော်ပြသပေးတာ ပါ။ သူတို့ရဲ့  ဆန်းသစ်တဲ့စီမံကိန်းတွေကို အာရှ- ပစိဖိတ်ဒေသ တစ်ဝန်းမှာ   ယုံကြည် စိတ်ချရတဲ့    ဆက်သွယ်မှုလမ်းကြောင်း အဖြစ်    ကျန်ရှိနေအောင်    ရည်ရွယ်လုပ် ဆောင်ပေးတာပါ'' ဟု Property  Guru အာရှအိမ်ခြံမြေဆုပေးပွဲ တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ တယ်ရီဘလက် ဘန်းကပြောသည်။

ယခုအခါ တစ်နှစ်တာအတွင်း အကောင်းဆုံး  အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်ဆု (Real Estate Personality of the Year)  ကို   Mottama   Holdings Ltd.ဥက္ကဋ္ဌက လက်ခံရရှိမည်ဖြစ်ပြီး Beko၊ Nippon Paint၊ Porcelanosa၊ Pro1Global Home Centreနှင့်  ရန်ကုန်မြို့ရှိဆီဒိုးနားဟိုတယ် အပါအဝင်  ထိပ်တန်း နာမည်ကျော် အမှတ်တံဆိပ် လုပ်ငန်းများက ယခုနှစ်အတွက် အဓိကပံ့ပိုး ကူညီသူများအဖြစ် ဆောင်ရွက်ကြ မည်ဖြစ်သည်။

''ဒီအစီအစဉ်က အရည်အသွေးပိုင်း၊ ဒီဇိုင်းပိုင်းနဲ့ လုပ်ငန်းကျင့်ထုံးပိုင်း ဆိုင်ရာတွေမှာ အကန့်အသတ် ဘောင်တွေ ကို ထိုးဖောက်လာကြတဲ့ ဆောက်လုပ်သူတွေကို အသိအမှတ်ပြုဖို့ သာမက အနာဂတ်မျိုးဆက်တွေ     နေထိုင် ပျော်ရွှင် ခံစားနိုင်အောင် ဆွဲဆောင်မှုရှိပြီး ရေရှည်တည်တံ့တဲ့ မြို့ပြ မြေယာရှုခင်းဖန်တီးမှုတွေမှာ    သူတို့ရဲ့ ပါဝင် ဆောင်ရွက်မှုကို ချီးမွမ်းဂုဏ်ပြုဖို့ အခွင့်အလမ်းကောင်း တစ်ခုပါပဲ'' ဟု ရစ်ချဒ်အီမာဆင်က ပြောသည်။

ယခုအခါ အဆိုပြုစာရင်းတွင်  ကုမ္ပဏီ စုစုပေါင်း ၁၁ ခု စာရင်းဝင်ခဲ့ပြီး  ၂ဝ၁၈ ခုနှစ်အတွက်  ဆုရရှိသူများနှင့်   ဂုဏ်ပြု ချီးကျူးထိုက်သော   ဆုရှင်များ အမည်ကို ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌  သြဂုတ် ၁ဝ ရက်တွင် ကျင်းပ မည့် ညစာစားပွဲ အခမ်းအနား၌ ထုတ်ပြန်ကြေညာ မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆုရရှိကြသူများသည် နိုဝင်ဘာ လတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည့် ဒေသတွင်း အဆင့် Property  Guru အာရှအိမ်ခြံမြေဆုပေးပွဲ၏ နောက်ဆုံးအဆင့် ဗိုလ်လုပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် နိုင်မည် ဖြစ်ကြောင်း သိရသည်။ 

Read 43 times Last modified on Wednesday, 08 August 2018 09:01