SJ WorldNews - шаблон joomla Авто

ဘဲစာဈေးတက်ပြီး ဘဲဥ ဥနှုန်းကျဆင်းနေသဖြင့် ဘဲမွေးမြူသူများ တွက်ခြေမကိုက်

Wednesday, 08 August 2018 11:52 font size decrease font size decrease font size increase font size increase font size

ဖျာပုံ  သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဖျာပုံမြို့ ဘဲဥဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း    ဘဲဥဈေး အဆမတန်မြင့်မားနေသော်လည်း ဘဲများဥနှုန်း ကျဆင်းနေသဖြင့် ဘဲမွေးမြူသူများ တွက်ခြေမကိုက်ဘဲ ဝင်ငွေလျော့နည်းလျက် ရှိကြောင်း သိရသည်။

'' စပါးစိုက်ရာသီမှာ ဘဲတွေကို စပါးခင်းထဲ လွှတ်ကျောင်းမရတော့ ဘဲတွေလှုပ်ရှားမှု နည်းပြီး  မလန်းတဲ့အတွက် ဥ ဥနှုန်းကျဆင်းလာတယ်။ အသားဈေးနဲ့ ငါး၊ ပုစွန်ဈေး မြင့်တက်လာတာကြောင့်  စားသုံးသူတွေက ဘဲဥကို ပိုမိုဝယ်ယူ စားသုံးလာသလို ရန်ကုန်ဘက်ကလည်း အဝယ်လိုက်နေတဲ့အတွက် ဈေးနှုန်းမြင့်လာတယ်။ ဘဲဥတွေကို အဝယ်လိုက်နေပေမယ့် ဘဲစာဈေးကြီးပြီး ဘဲဥ ဥနှုန်းကျဆင်းနေလို့ ဘဲမွေးမြူသူတွေ တွက်ခြေမကိုက်ဖြစ်နေပါတယ်''ဟု ဘဲမွေးမြူသူ တစ်ဦးက ပြောသည်။

ဖျာပုံမြို့တွင် ယခုရက်ပိုင်းအတွင်း ဘဲဥဝယ်ဈေးမှာ အလုံးအကြီးအသေး အလိုက် တစ်လုံးလျှင် ငွေကျပ် ၁၂၅ ကျပ်မှ  ၁၃ဝ ဖြင့် ဝယ်ယူပြီး လက်လီဘဲဥတစ်လုံးလျှင် ငွေကျပ် ၁၅ဝမှ ၁၆ဝ ဖြင့် ပြန်လည်ရောင်းချလျက် ရှိကြောင်း သိရသည်။      

Read 109 times Last modified on Wednesday, 08 August 2018 11:53