SJ WorldNews - шаблон joomla Авто

ခရီးစဉ် လမ်းကြောင်း တာဝန်ခံ သင်တန်းအမှတ်စဉ် (၄) သင်တန်းဆင်းပွဲ ကျင်းပ

Thursday, 09 August 2018 12:01 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်  

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွား ဝန်ဆောင်မှု အသင်း၏ ခရီးစဉ်လမ်းကြောင်းတာဝန်ခံ သင်တန်းအမှတ်စဉ်(၄)    သင်တန်းဆင်းပွဲ အခမ်းအနားကို    ယမန်နေ့က  ရန်ကုန် တိုင်းဒေသကြီး     လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ကျင်းပသည်။

အခမ်းအနားတွင် ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးတင့်လွင်၊ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးသန်းဌေးတို့က အဖွင့် အမှာစကားပြောကြားပြီး  သင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ် ခဲ့ကြသည်။

သင်တန်းတွင်  စာတွေ့၊  လက်တွေ့ လမ်းကြောင်းရေးဆွဲခြင်း အတတ်ပညာ၊ လမ်းခရီးကြာချိန် ခန့်မှန်းတွက်ချက် သည့် ပညာရပ် တို့အပြင် လမ်းခရီးတွင် ခရီးသည်များအား ယဉ်ကျေးပျူငှာစွာ ဆက်ဆံရေး၊ မိမိတို့ရောက် ရှိရာအရပ်ဒေသရှိ   တိုင်းရင်းသားလူမျိုး တို့၏  ရိုးရာဓလေ့များကို   လိုက်နာစေရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ၊   ရှေးဟောင်း အဆောက်အအုံများကို  ထိန်းသိမ်းစောင့် ရှောက်ရေး၊ သစ်တောသယံဇာတနှင့် ဂေဟစနစ်များ မပျက်စီးစေရန်  ထိန်းသိမ်းစောင့် ရှောက်ရေး၊  ခရီးသည်များ၏ ကျန်းမာရေးကို စောင့်ရှောက်နိုင်ရန် ကြက်ခြေနီ ပညာရပ်များ သင်ကြား ပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ရန်ကုန်မြို့နှင့်  မန္တလေးမြို့တို့၌ နှစ်လကြာ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသို့ သင်တန်း သား ၉ဝကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

လင်းခန့်

............

Read 58 times Last modified on Thursday, 09 August 2018 14:53