SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ရွှေဈေး မြင့်တက်သောကြောင့် ရန်ကုန်ရွှေဈေး ပြန်လည်မြင့်တက်

Friday, 15 March 2019 10:27 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မတ်  ၁၄

ယခုလဆန်းမှစ၍ ကျရိပ်ပြလာသည့်   ကမ္ဘာ့ရွှေဈေး ပြန်လည်မြင့်တက်လာသောကြောင့်  ယခုရက်ပိုင်း ရန်ကုန်ရွှေဈေးကွက် အတွင်း တစ်ကျပ်သားလျှင် ငွေကျပ် ၁ဝ၆ဝဝဝဝ  ကျော်သို့   ပြန်လည်ရောက်ရှိလာကြောင်း ရန်ကုန် တိုင်းဒေသကြီး  ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်၏ ပြောဆိုချက်အရ  သိရသည်။

ပြီးခဲ့သည့်လဆန်းပိုင်းက  ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃ဝ၄ ဒေါ်လာအထိ မြင့်တက်လာသည့် အတွက်  ယခုရက်ပိုင်းအတွင်း ရန်ကုန် ရွှေဈေးနှုန်းများ  ပြန်လည်မြင့်တက်လာပြီး ယနေ့တွင် ငွေကျပ် ၁ဝ၆၅၅ဝဝ ဖြင့် ဈေးဖွင့်ထားကြောင်း သိရသည်။

''ရွှေဈေးက  ၁ဝ၆ဝဝဝဝ   ပတ်လည်လောက်ပဲ ရှိပါတယ်။  ဟိုတစ်လောကတော့  နည်းနည်းပြန်ကျတယ်။  အခုက  ကမ္ဘာ့ရွှေဈေးတက်လို့ နည်းနည်း ပြန်တက်လာတာပါ။

ဒီလထဲတော့ ခပ်ငြိမ်ငြိမ်ပဲ သွားမှာပဲ။ သိပ်ပြီး အတက်အကျ မရှိနိုင်ဘူး။ အရောင်းအဝယ်က ဈေးကွက်ထဲမှာတော့ အရောင်းများတယ်။ ရောင်းချင်တဲ့သူ များနေတော့ ကျတဲ့အရိပ်လက္ခဏာ ရှိတယ်''ဟု   ဦးမျိုးမြင့်ကပြောသည်။

မြန်မာ့ရွှေဈေးကို  ကမ္ဘာ့ရွှေဈေး၊ တရုတ်  ငွေဈေးနှင့်    ဒေါ်လာဈေးပေါ် မူတည်၍ တွက်ချက်လေ့ရှိရာ   ဒေါ်လာဈေး စံချိန်တင် မြင့်တက်ခဲ့မှုနှင့်   ရွှေဈေး မြင့်တက်မှုများကြောင့် ပြီးခဲ့သည့်နှစ် အတွင်းက ပြည်တွင်း၌ ဒေါ်လာဈေး မကစားနိုင်ရန် အရေးယူမှုများညရှိခဲ့ပြီး     ရွှေထိငွေထိ ရောင်းဝယ်ရန် သတ်မှတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ သတ်မှတ်မှုများ ရှိခဲ့သော်လည်း ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးများ အတက်အကျ အတိုင်း ရွှေဈေးနှုန်း ဆက်လက်မြင့်တက်လျက်ရှိရာ  ယခင်နှစ်များက  သီးနှံပေါ်ချိန်နှင့်   ပွင့်လင်းရာသီ ရောက်ရှိပါက  ပြည်တွင်းရွှေဈေးကွက် အတွင်း ရောင်းအား မြင့်တက်လေ့ရှိသော်လည်း ယခုနှစ်အတွင်း ရောင်းအားကျဆင်းနေခြင်း ဖြစ်ကြောင်း သိရသည်။                           

Read 32 times Last modified on Friday, 15 March 2019 10:28