SJ WorldNews - шаблон joomla Авто

တရုတ်ဖရဲသီး ပေါ်သည့် ရာသီဖြစ်သောကြောင့် မူဆယ်ဖရဲ ဈေးနှုန်းများ ကျဆင်းလာ

Friday, 19 April 2019 10:47 font size decrease font size decrease font size increase font size increase font size

မူဆယ်၊ စီးပွားရေး

တရုတ်နိုင်ငံတွင် ဖရဲသီးထွက်ပေါ်ချိန် ဖြစ်သောကြောင့် မူဆယ်၌ ဖရဲသီးဈေးနှုန်းများ စတင်ကျဆင်းလာကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးနိုင်ဝင်း၏ ပြောပြချက်အရ သိရသည်။

သင်္ကြန်မတိုင်မီက ဖရဲသီးကားတစ်စီး လျှင် တရုတ်ယွမ်လေးသောင်းဝန်းကျင်အထိပေါက်ဈေးရှိရာမှ ယခုအခါ ယွမ်သုံးသောင်း ဝန်းကျင်သာ ပေါက်ဈေးရှိသည်။

''သင်္ကြန်မတိုင်ခင်ကလောက် ရောင်းအား မကောင်းဘူး။ ဈေးကွက်အေးနေတယ်။ သူတို့ဆီမှာ ဖရဲသီးတွေ ပေါ်လာ ပြီဖြစ်လို့ ဈေးကွက်က နောက်ပိုင်းအေးတော့မှာပါ။ များသောအားဖြင့်တော့ သင်္ကြန်ပြီးရင် ဈေးကွက်အေးပြီး ဈေးနှုန်းကျ ဆင်းလာတတ် တယ်။ မနှစ်ကလည်း ဈေးကွက်အေးတာ ပါပဲ။ ဇွန်လဆိုရင်တော့ တင်လို့ရတော့မှာ မဟုတ်ဘူး။ ဒီဘက်က အသီးကတော့ သင်္ကြန် မတိုင်ခင်ကပဲ ဈေးကောင်းတယ်။ သင်္ကြန် ပြီးသွားရင် ဈေးကွက်က အေးသွားတယ်။

ရှမ်းဘက်ကအသီးတွေ ဈေးကွက်ကျမှာ စိုးရိမ်ပြီးတော့ မှည့်ခါနီးအသီးတွေ ခူးတင်တာတွေပါတဲ့အတွက် ဈေးကွက်က ပိုအေး သွားတာလည်းပါတယ်။ ဒါပေမဲ့ ကသာနဲ့ ကောလင်းဒေသထွက် အသီးတွေကတော့ အရည်အသွေးမီပါတယ်။ ဒါပေမဲ့ ဈေးကွက် ထဲမှာ ဈေးနှုန်းကျလာတယ်။ ဒါကလည်း သင်္ကြန်ပြီးရင် အမြဲဖြစ်နေကျပါပဲ'' ဟု ဦးနိုင်ဝင်းက ပြောသည်။

ထို့ပြင် မူဆယ်သို့ ဖရဲသီးတင်ပို့သည့် ဈေးကွက်သည် မေလအထိ နောက်ဆုံးဖြစ်ပြီး အောက်တိုဘာလမှ ပြန်လည် စတင်လေ့ ရှိကြောင်း၊ လတ်တလောတွင် သခွားမွှေး များ ဈေးကောင်းရရှိနေကြောင်း သိရသည်။

''သခွားမွှေးကတော့ ဈေးကောင်းတယ်။ ဝင်တဲ့ကား အစီးရေလည်း နည်းသွားပြီ။ တစ်ရက်မှ ကားအစီးရေ ၁ဝဝ အောက်ပဲ ဝင်တဲ့ အတွက် သခွားမွှေးကတော့ ဈေး ကောင်းပါတယ်။ အခု ဈေးကျနေတဲ့ အခြေအနေမှာတောင် သင်္ကြန် မတိုင်မီက ဈေးနှုန်း အတိုင်းရနေတယ်'' ဟု ဦးနိုင်ဝင်းက ပြောသည်။

လက်ရှိ သခွားမွှေးတစ်တန်လျှင် ယွမ် ၆ဝဝဝ ဈေးနှုန်း ရရှိနေပြီး ဈေးနှုန်းဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရ သည်။ နေနေ

Read 72 times Last modified on Friday, 19 April 2019 10:49