Print this page

ဗားဂရာဆိပ်ကမ်း အုန်း ငှက်ပျောဈေးကွက်သို့ ငှက်ပျော ဝင်ရောက်မှု နည်းပါး

Saturday, 20 April 2019 12:56 font size decrease font size decrease font size increase font size increase font size

သင်္ကြန်ကာလအပြီး   ငှက်ပျောကုန်စည်များ  အဓိကဝင်ရောက်သည့်  ရန်ကုန်မြို့ ဗားဂရာဆိပ်ကမ်း အုန်း၊ ငှက်ပျော ဈေးကွက်သို့  ငှက်ပျောဝင်ရောက်မှု နည်းပါးနေသည့် အပြင် အနည်းငယ် ဝင်ရောက်သော ကုန်များသည်လည်း ဈေးမြင့်တက်လျက် ရှိကြောင်း   ငှက်ပျောကုန်သည်များ ထံမှ သိရသည်။

''ငှက်ပျောက ဈေးကွက်ကို  နည်းနည်းပါးပါးပဲ ဝင်တယ်။ ကုန်သည်တော်တော် များများကတော့ နားနေကြတုန်းပဲ။ ဈေးကွက်မှာကျတော့   ဝယ်လက်က လိုက်နေတာက တစ်ကြောင်း၊ သင်္ကြန်ကာလမှာ ငှက်ပျောခုတ်ခ၊ ကားခဈေးတွေက  မြင့်တဲ့အတွက် အခုဝင်တဲ့ ကုန်တွေက သိပ်ကောင်းလှတယ် မဟုတ်ပေမယ့်   ဈေးကမြင့်နေတာ ဖြစ်ပါတယ်'' ဟု အုန်း၊ ငှက်ပျောကုန်သည် ဦးသိန်းဝင်းကပြောသည်။

လက်ရှိ ဗားဂရာငှက်ပျောဈေးကွက်တွင် ရခိုင်၊ သီးမွှေး၊ ရွှေငှက်ပျောများ ဝင်ရောက်မှု ရှိသော်လည်း ဖီးကြမ်းငှက်ပျော ဝင်ရောက်မှုမှာ သိသာစွာ နည်းပါးလျက် ရှိကြောင်း သိရသည်။

''သင်္ကြန်ပြီးရင်တော့ နှစ်တိုင်းလိုလိုပါပဲ။ကုန်အဝင်နည်းတာတို့၊  ဈေးမြင့်တာတို့ရှိပါတယ်။  ဒီနှစ်ကတော့ ကုန်အဝင် နည်းနည်း ကျဲတယ်လို့ ပြောရမယ်။  အရင်ကဆို ရေလမ်းက အဓိကဝင်တာဆိုတော့   ဈေးလည်းသင့်တယ်။  ကုန်သည်ရော ဝယ်သူပါ အဆင်ပြေကြတယ်။ နာဂစ်ဖြစ်ပြီးနောက်ပိုင်းမှာ  ရေလမ်းက သိပ်မဝင်တော့ဘူး။  ကားနဲ့ကျတော့ တစ်ဆင့်ပြီးတစ်ဆင့် သယ်ရတဲ့ အလုပ်သမားခတွေနဲ့ ဆီဈေးတွေနဲ့ဆိုတော့ ဈေးကမြင့်မှကိုဖြစ်မယ့် အနေအထားဖြစ်နေတာပါ'' ဟု ဦးသိန်းဝင်း ကပြောသည်။

လက်ရှိတွင် ရန်ကုန်ငှက်ပျော ဈေးကွက် အတွင်းသို့  နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်၊ မတ္တရာ၊ မြစ်သားနှင့် စစ်ကိုင်းတိုင်းဒေသကြီး  မြို့နယ်တချို့တို့မှ ငှက်ပျောများ ဝင်ရောက်လျက် ရှိကြောင်း  သိရသည်။                           

Read 97 times Last modified on Saturday, 20 April 2019 12:57