SJ WorldNews - шаблон joomla Авто

ယခုနှစ်ကုန်တွင် သီလဝါ အထူးစီးပွားရေးဇုန် A ၌ စက်ရုံ ၆ဝ ခန့် လည်ပတ်နိုင်မည်

Tuesday, 19 September 2017 09:14 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၁၈

လက်ရှိတွင် သီလဝါ အထူးစီးပွားရေးဇုန် A ၌ စက်ရုံ ၃၄ ရုံ လည်ပတ်နေပြီး ယခုနှစ်ကုန်တွင် စက်ရုံ ၆ဝ ခန့် လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

''လက်ရှိမှာ လုပ်ငန်းလုပ်ကိုင်ဖို့ သဘောတူထားတဲ့ ကုမ္ပဏီ ၈၆ ခုရှိပြီး စက်ရုံ ၃၄ ရုံကတော့ လည်ပတ်နေပါပြီ။ ရင်းနှီးမြှုပ်နှံမှု ငွေကျပ် သန်း ၁ဝဝဝ ကျော်လောက် ရှိပါတယ်။ နှစ်ကုန်လောက်ဆိုရင်တော့ စက်ရုံ ၆ဝ လောက်အထိ လည်ပတ်နိုင်ပါပြီ'' ဟု သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးဟန်ရွှေ ကပြောသည်။

သီလဝါအထူးစီးပွားရေးဇုန် A ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရေးအတွက် ကုမ္ပဏီ ၈၆ ခုမှ လုပ်ငန်းများ လုပ်ကိုင်ရန် သဘောတူထားပြီး အငှားစက်ရုံမှာ ခုနစ်ရုံခန့်ရှိကြောင်း၊ သီလဝါအထူး စီးပွားရေးဇုန် A တွင် စက်ရုံ၁ဝ ရုံခန့်သာ တည်ဆောက်ရန် မြေနေရာ ကျန်ရှိတော့ကြောင်း သိရသည်။

ထို့အတူ စက်တင်ဘာ ၁၄ ရက်တွင်  METRO Cash & Carry  ၏ မြန်မာနိုင်ငံ လုပ်ငန်းခွဲတစ်ခုဖြစ်သော METRO Wholesale Myanmarက သီလဝါ အထူးစီးပွားရေးဇုန် A ၌ ကုန်လှောင်ရုံ စတင်တည်ဆောက်လျက် ရှိကြောင်း သိရသည်။

METRO Wholesale Myanmar ၏ Deputy CEO Ms. Tiparayat Kaewsringarm က ''မြန်မာနိုင်ငံအတွက် အရည်အသွေးမြင့်ပြီး စိတ်ချရတဲ့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ပါ ပံ့ပိုးပေးမှာဖြစ်တဲ့ METRO Cash & Carry ရဲ့ လုပ်ငန်းစဉ်ကို အစပျိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

စားသုံးသူတွေအတွက် အစားအစာဘေးကင်း လုံခြုံရေးနဲ့ Sustainability ရှိဖို့အတွက် ပြောင်းလဲမှုတွေ ပြုလုပ်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီရည်မှန်းချက်တွေ ပြည့်ဝဖို့  METRO Cash & Carry က နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ Supply Chain စီမံခန့်ခွဲရေးဆိုင်ရာ အကောင်းဆုံးလုပ်ထုံးလုပ်နည်းတွေကို မြန်မာနိုင်ငံမှာ အသုံးပြု မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်'' ဟု ပြောသည်။

အဆိုပါ ကုန်လှောင်ရုံကို ၂၈၃၆၈ စတုရန်းမီတာ မြေအကျယ်တွင် ဆောက်လုပ်လျက်ရှိပြီး ၂ဝ၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြီးစီးရန် မျှော်မှန်းထားကြောင်း သိရသည်။ယင်းကုန်လှောင်ရုံ၌ လတ်ဆတ်သောအသား၊ ငါး၊ အသီးအရွက်များ အရည်အသွေး ပြည့်မီစေရန် Processing နှင့် Cleaning ဓာတ်ခွဲခန်းများ ထားရှိပေးမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် သိုလှောင်ရုံကို METRO Cash & Carry နှင့် ပြည်တွင်းမှ Yoma Strategic Holding ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အမေရိကန်ဒေါ်လာ ၁ဝ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

Read 458 times Last modified on Tuesday, 19 September 2017 09:15