SJ WorldNews - шаблон joomla Авто

ရန်ကုန်အိမ်ခြံမြေ အရောင်းပြပွဲ ငါးကြိမ်မှ ငွေကျပ် ၆ဝ ဘီလီယံကျော် အရောင်းအဝယ်ဖြစ်

Tuesday, 19 September 2017 09:30 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ   ၁၈

ရန်ကုန်မြို့၌ ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ် အတွင်း အိမ်ခြံမြေ အရောင်းပြပွဲပေါင်း ငါးကြိမ် ကျင်းပခဲ့ရာ ငွေကျပ် ၆ဝ ဘီလီယံကျော်   အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း  iMyanmarHouse.com မန်နေးဂျင်း ဒါရိုက်တာ ဦးနေမင်းသူထံမှ သိရသည်။

''အရင်ကကျင်းပတဲ့ အိမ်ခြံမြေ အရောင်းပြပွဲတွေအပေါ် ပြန်သုံးသပ်ကြည့်မယ် ဆိုရင် ဒါက ရောင်းသူနဲ့ ဝယ်သူကြားမှာ ချိတ်ဆက်မှုအားကောင်းတဲ့ အနေအထားမျိုး တစ်ခုကို တွေ့ရသလို အကျိုးဖြစ်ထွန်းစေခဲ့တယ်လို့ သုံးသပ်မိပါတယ်'' ဟု ဦးနေမင်းသူက ပြောသည်။

ငပြညောမေံသကျန.ခသာ မှ စီစဉ်မှုဖြင့် ရန်ကုန်မြို့၌ အိမ်ခြံမြေ အရောင်းပြပွဲပေါင်း ငါးကြိမ်ကျင်းပနိုင်ခဲ့ပြီး  စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ခြောက်ကြိမ်မြောက်အဖြစ်  မြန်မာနိုင်ငံ၏  အကြီးဆုံးသော အိမ်ခြံမြေ အရောင်းပြပွဲကြီးကိုလည်း ကျင်းပနိုင်ခဲ့သည်။

''ဝယ်ချင်တဲ့သူတွေနဲ့ ရောင်းလိုတဲ့ ကုမ္ပဏီတွေကြားမှာ ဒီလိုပြပွဲတွေက အချိတ်အဆက် ဖြစ်ရုံတင်မကဘူး။ ဘဏ်တွေရဲ့ ချေးငွေနဲ့ ဝယ်ချင်တဲ့သူတွေအတွက် ဒီလိုပွဲမှာပဲ ချက်ချင်းချေးငွေလျှောက်ပြီး  လုပ်ဆောင်နိုင်တဲ့ အနေအထားဖြစ်တာကြောင့် အကျိုးရှိ စေခဲ့ပါတယ်'' ဟု ဦးနေမင်းသူ ကပြောသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်မှာ ၂ဝ၁၄ ခုနှစ်မှစ၍ တဖြည်းဖြည်း အရောင်းအဝယ် ကျဆင်းလာသော အခြေအနေမျိုးရှိခဲ့ရာမှ ၂ဝ၁၇ ခုနှစ်အတွင်း ဇူလိုင်လမှစ၍ အရောင်းအဝယ် အနည်းငယ်ပြန်ဖြစ်လာပြီး ယခုလတွင် အရောင်းအဝယ် ကောင်းမွန်သော အခြေအနေမျိုးသို့   ရောက်ရှိလာကြောင်း သိရသည်။ 

Read 419 times Last modified on Tuesday, 19 September 2017 09:31