SJ WorldNews - шаблон joomla Авто

ရန်ကုန်ရွှေဈေး တက်ရိပ်ပြသော်လည်း အဝယ်လိုက်နေ

Monday, 13 May 2019 12:05 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းငွေလဲနှုန်း မြင့်တက်လာသောကြောင့် ရန်ကုန်ရွှေဈေးကွက် အတွင်း တက်ရိပ်ပြလာပြီး  ဝယ်လိုအားကောင်းကာ  အဝယ်လိုက်နေကြောင်း  ရန်ကုန်တိုင်းဒေသကြီး  ရွှေလုပ်ငန်းရှင်များ အသင်း  ဥက္ကဋ္ဌဦးမျိုးမြင့်၏ ပြောပြချက်အရ  သိရသည်။

''အမေရိကန်ဒေါ်လာဈေး တက်လာတော့ ကမ္ဘာ့ရွှေဈေးလည်း မြင့်တက်လာတယ်။ အရောင်းအဝယ် အခြေအနေကတော့ အခုထက် ရွှေဈေးတက်ဖို့ အလားအလာရှိနေလို့ ဝယ်လိုအား များလာတယ်''ဟု ဦးမျိုးမြင့် ကပြောသည်။

အမေရိကန်မှ တရုတ်ကုန်စည်များကို  အခွန်တိုးမြှင့် ကောက်ခံလိုက်သည့်အတွက် တရုတ်ငွေကြေးဈေးနှုန်း ကျဆင်းပြီး အမေရိကန်ဒေါ်လာ ဈေးနှုန်းမြင့်တက်ကာ ကမ္ဘာ့ရွှေဈေးမြင့်တက်ရခြင်း ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ ဈေးမြင့်တက်လာခြင်းကြောင့်    ပြည်တွင်းငွေလဲနှုန်းလည်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်တစ်ပတ်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ပေါက်ဈေး အမေရိကန်တစ်ဒေါ်လာလျှင်  ငွေကျပ် ၁၅၃၁ ဒသမ ၆ ကျပ်ဖြင့်  ဈေးပိတ်ခဲ့ပြီး ယနေ့တွင် ပြည်တွင်း၌  အမေရိကန် တစ်ဒေါ်လာလျှင်   ပြင်ပဝယ်ဈေး ငွေကျပ် ၁၅၂၃ ကျပ်နှင့် ရောင်းဈေး ငွေကျပ် ၁၅၂၇ ကျပ်ရှိသည်။

ယခုလဆန်းပိုင်းတွင်  ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၈ဝ ရှိရာမှ ယနေ့တွင် ၁၂၈၆ ဒေါ်လာအထိရှိလာပြီး  ရန်ကုန်ရွှေဈေးမှာလည်း  ယခုလဆန်းပိုင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်  ၁ဝ၃၇ဝဝဝ  ဝန်းကျင်ရှိရာမှ  ယနေ့တွင် ငွေကျပ်  ၁ဝ၅၂ဝဝဝ  အထိဈေးနှုန်း ရှိလာကြောင်း သိရသည်။                                

Read 37 times Last modified on Monday, 13 May 2019 12:05