SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉၁ ခု ခွင့်ပြုထား

Tuesday, 21 May 2019 09:40 font size decrease font size decrease font size increase font size increase font size

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၁၁ ရက်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုစုပေါင်း ၉၁ ခု ခွင့်ပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်လင်း၏ ပြောကြားချက်အရ သိရသည်။

ယင်းလုပ်ငန်းများအား ရင်းနှီးမြှုပ်နှံမှု ဖြစ်ခြင်းနှင့်  တည်ဆဲဥပဒေများ လိုက်နာခြင်းတို့ကို အခြေခံ၍ စိစစ်လက်ခံခြင်းဖြစ်ပြီး  လုပ်ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသား ဝင်ငွေခွန်နှင့် အခွန်တိုးတက် ရရှိနိုင်မှု၊ တီထွင်ဆန်းသစ်မှု  နည်းပညာ လွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု၊ ထိန်းသိမ်းကာကွယ်ရေး တာဝန်ယူမှု စသည့် အချက်များဖြင့်  စိစစ်လက်ခံခဲ့ခြင်း ဖြစ်သည်။

အဆိုပါလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ ငွေကျပ်သန်းပေါင်း ၆၈၉၂၃၆ ဒသမ ဝဝ၁ သန်းရရှိခဲ့ပြီး  အမေရိကန်ဒေါ်လာ ၃၁၂ ဒသမ  ဝဝ၃  သန်း  တိုးမြင့်ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ခွင့်ပြုရာတွင် ရန်ကုန်တိုင်းဒေသကြီး၌ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအများဆုံး ခွင့်ပြုထားပြီး စစ်ကိုင်းတိုင်းဒေသကြီး၌  ဒုတိယ အများဆုံး ခွင့်ပြုထားကြောင်း၊  ခွင့်ပြုလုပ်ငန်းများတွင် စက်မှုကဏ္ဍ အများဆုံးပါဝင်ပြီး  မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊  အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍနှင့် တခြားကဏ္ဍများ ပါဝင်ကြောင်း  သိရသည်။  

Read 109 times Last modified on Tuesday, 21 May 2019 09:41