SJ WorldNews - шаблон joomla Авто

သင်ဖျာဈေးကွက် ကောင်းမွန်သောကြောင့် သင်ဖျာရက်လုပ်သူများ အဆင်ပြေ

Thursday, 30 May 2019 09:32 font size decrease font size decrease font size increase font size increase font size

ပူပြင်းသည့် နွေရာသီတွင် သင်ဖျာများကို အသုံးများကြပြီး အင်းဝဒေသ၌ ယခုအခါ သင်ဖျာဈေးကွက် ကောင်းမွန်သောကြောင့် သင်ဖျာအဆင့်ဆင့် ပြုလုပ်သူများ  နေ့စဉ် ပုံမှန်ဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

သင်ဖျာရက်လုပ်ရာတွင် ကဏ္ဍအသီးသီး ခွဲခြား၍ သင်ဖြာသူ၊ သင်ဖျာရက်လုပ်သူ၊ အနားသတ်ချုပ်သူ၊ ကတ္တီပါကွပ်သူများ စုပေါင်း လုပ်ကိုင်ကြရကာ သင်ကို ကချင်ပြည်နယ်နှင့် ပန်းတနော်ဘက်မှ ကုန်ကြမ်းရရှိပြီး အများစုမှာ ပန်းတနော်သင်ကို အသုံးပြုကြသည်။

သင်ကိုဖြာရန်အတွက် ရှေးဦးစွာ ရေစိမ်ကြရကြောင်း၊ သင်ကိုဖြာပါက အလွှာသုံးလွှာ ရအောင် ပြုလုပ်လေ့ရှိကြောင်း၊ အလွှာသုံးလွှာတွင်   အချောလွှာကို အပေါ်ဆုံးတွင် ထားရှိကြောင်း၊ အူဟုခေါ်သော အလွှာကို အောက်ခံအဖြစ် ရက်လုပ်ကြကြောင်း၊ သင်ဖျာရက်လုပ်ရာတွင် နှစ်ထပ်ရက် လုပ်ကြရကာ ရရှိလာသော သင်များကို သင်ဖျာရက်လုပ်သူများက ရက်လုပ်ကြကြောင်း၊ ရက်လုပ်ပြီး သင်ဖျာများကို အနားကွပ် ချုပ်လုပ်သူများက ချုပ်ပေးရကာ အနားသတ်ချုပ်ရာတွင် တစ်နေ့လျှင် သင်ဖျာအချပ်ရေ ၂ဝ ကျော်ပြီးကြောင်း၊ တစ်ချပ်လျှင် ငွေကျပ် ၂ဝဝ ရရှိကာ သင်ဖျာကတ္တီပါ ကွပ်သူများမှာ တစ်နေ့လျှင် သင်ဖျာ၂ဝ ကျော်ပြီးကြောင်း သိရသည်။

သင်ဖျာများကို တပေါင်းလမှ ဝါခေါင်လအထိ နေ့စဉ်လုပ်ကိုင်ရပြီး အရောင်းအဝယ် ဖြစ်ကာ သင်ဖျာလုပ်ငန်းတွင် လုပ်ငန်းရှင်မှ ကုန်ကြမ်းပေးပြီး လုပ်သားများမှာ လက်ခစားဖြင့် ပြုလုပ်ကြရသည်။

အင်းဝ၌ သင်ဖျာကို ဆိုဒ်လေးမျိုးပြုလုပ်ပြီး သင်ဖျာတစ်ချပ်လျှင်  အနည်းဆုံး ငွေကျပ် ၁၇ဝဝဝ မှ ၃ဝဝဝဝ အထိရှိပြီး ရာသီအလိုက် ဈေးနှုန်းအတက်အကျရှိသည်။ လက်ရှိတွင် သင်ဖျာဈေးကွက် ကောင်းမွန်သောကြောင့် သင်ဖျာရက်လုပ်သူ၊ သင်ဖြာသူ၊ သင်ဖျာချုပ်သူ၊ သင်ဖျာကတ္တီပါကွပ်သူများ နေ့စဉ်ပုံမှန် ဝင်ငွေရရှိကာ အဆင်ပြေလျက် ရှိကြောင်း သိရသည်။ 

Read 59 times Last modified on Thursday, 30 May 2019 09:33