SJ WorldNews - шаблон joomla Авто

လျှော်ဖြူကို နိုင်ငံတကာ ဈေးကွက် ထိုးဖောက်နိုင်ရေး တရုတ်(တိုင်ပေ)နှင့် ဂျပန်နိုင်ငံတို့သို့တင်ပို့ရန် ကြိုးပမ်း

Thursday, 30 May 2019 10:22 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံမှထွက်ရှိသည့် လျှော်ဖြူကို နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် တရုတ်(တိုင်ပေ)နှင့် ဂျပန်နိုင်ငံတို့သို့ တင်ပို့ရေး ကြိုးပမ်းလျက်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး လျှော်ဖြူထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ  ဦးဇော်မင်း၏ ပြောပြချက်အရ သိရသည်။

''လျှော်ဖြူက လောလောဆယ်မှာ တရုတ်ဈေးကွက်ကို အားထားနေရတယ်။ နောက်ပိုင်း   လျှော်ဖြူဈေးကွက်အား ကောင်းလာရင်   တခြားနိုင်ငံတွေကိုလည်း  ဈေးကွက်ထိုးဖောက်ဖို့ လျှော်ဖြူအသင်း အနေနဲ့ ကြိုးစားနေပါတယ်။  လျှော်ဖြူကို  ပြည်တွင်းမှာ   အသုံးပြုမှု နည်းသေးတယ်။တရုတ်က ဝယ်လိုအားများပြီး ဈေးကွက်အနေနဲ့က တရုတ် ကိုယ်စားလှယ်ပေးတဲ့  ဈေးကွက်ပဲ ရှိသေးတဲ့အတွက် နိုင်ငံတကာ ဈေးကွက်ကို  ထိုးဖောက်နိုင်ရင် ဈေးကွက်က ထိန်းပြီးသား ဖြစ်မယ်။ နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နိုင်ပြီဆိုရင်  ဈေးကွက်ငြိမ်သွားမယ်''  ဟု ဦးဇော်မင်း ကပြောသည်။

လက်ရှိတွင် ဆေးကုလားမ (ခေါ်) လျှော်ဖြူကို  တရုတ်ဈေးကွက်သို့သာ တင်ပို့မှုရှိပြီး တခြားနိုင်ငံများသို့ တင်ပို့နိုင်ရန်   ကြိုးပမ်းလျက်ရှိသည်။

လျှော်ဖြူသည်  မိုးနည်းသော ဒေသဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ အများဆုံး ထွက်ရှိသည်။

လျှော်ဖြူတွင်  လူတို့၏ ကျန်းမာရေး အတွက် ကောင်းမွန်သော ကယ်လ်ဆီယမ် ပမာဏများစွာပါဝင်ပြီး လူ့ခန္ဓာကိုယ်အတွင်း  ဆဲလ်များ ပုံမှန်ဖြစ်စေခြင်း၊ သွေးပုံမှန် လည်ပတ်စေခြင်း၊   နှလုံးကြွက်သားများ  ပုံမှန်လုပ်ဆောင်မှုကို  အားကောင်းစေခြင်းစသည့်

အကျိုးကျေးဇူးများ ရှိပြီး စက်မှုလုပ်ငန်းများ၊ အလှကုန်ပစ္စည်းများ၊ အစားအသောက်များနှင့် ဆေးပစ္စည်းများတွင် ထည့်သွင်း အသုံးပြုရာ၌လည်း အသုံးဝင်ကြောင်း  သိရသည်။                 

Read 116 times Last modified on Thursday, 30 May 2019 10:23