SJ WorldNews - шаблон joomla Авто

ကုန်သွယ်မှု လိုငွေလျော့ကျရေး အမျိုးသား ပို့ကုန် မဟာ ဗျူဟာကို ထပ်တိုး ဆောင်ရွက်

Tuesday, 04 June 2019 11:54 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ စီးပွားရေး

ကုန်သွယ်မှုလိုငွေ လျော့ကျ စေရေးအတွက် အမျိုးသား ပို့ကုန် မဟာဗျူဟာကို ထပ်တိုး ဆောင်ရွက်နေကြောင်း  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန  ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် နော်မူတာကပေါ၏ ပြောဆိုချက်အရ သိရသည်။

၂ဝ၁၉ ခုနှစ် ဧပြီလအထိ  ကုန်သွယ်မှု လိုငွေ ပမာဏသည်    ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ သန်း ၁၃၅ဝ လျော့ကျခဲ့ခြင်းဖြစ်သည်။

''ဖွံ့ဖြိုးဆဲနိုင်ငံ အနေနဲ့ သွင်းကုန်တွေများ တယ်။ ဒါကြောင့် ပို့ကုန်တွေများများ ပို့နိုင်ဖို့   လုပ်ဆောင်နေပါတယ်။   ပို့ကုန် အမယ် များများပို့နိုင်မှ ကုန်သွယ်မှုလိုငွေလျော့ကျ မှာဖြစ်သလို ပြည်တွင်းမှာ ထုတ်တဲ့ ထုတ်ကုန် တွေကို ပြည်ပကို များများတင်ပို့နိုင်အောင် လုပ်ဆောင်နေတာတွေရှိပါတယ်'' ဟု နော်မူ တာကပေါက ပြောသည်။

 အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ဒုတိယ ဦးစားပေးအဆင့် အနေဖြင့်   ကျောက်မျက် ကဏ္ဍ၊ လက်မှုပစ္စည်းကဏ္ဍ၊ စိုက်ပျိုးရေး ထုတ်ကုန်ကဏ္ဍ၊ စားသောက်ကုန် လုပ်ငန်း ကဏ္ဍ၊ သစ်သီးဝလံ  ပန်းမန်နှင့်  နည်းပညာကဏ္ဍ တို့ကို ထပ်တိုး ထည့်သွင်းထားသည်။

ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန အနေဖြင့် နိုင်ငံတကာ အကူအညီဖြင့်  နည်းပညာ များရယူကာ   ဈေးကွက်ထိုး ဖောက် နိုင်ရန် ကြိုးစားလျက်ရှိသည်။ ထို့ပြင် စိုက်ပျိုးရေး ထုတ်ကုန်များစွာ ထုတ်နိုင်ရန်နှင့်  ပြည်ပ ဈေးကွက် အခြေအနေများ သိရှိစေရန် နိုင်ငံ တကာ၌ကျင်းပနေသည့် ကုန်စည်ပြပွဲများသို့ ပြည်တွင်း လုပ်ငန်းရှင်များအား   ဖိတ်ခေါ် လျက်ရှိ ကြောင်း သိရသည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း အထည် ချုပ်လုပ်ငန်းကဏ္ဍတိုးတက်လာပြီး မော်တော်ယာဉ်တင်သွင်းမှု လျော့ကျ လာခြင်းနှင့် တခြား တန်ဖိုးကြီး ပစ္စည်းများ တင်သွင်းမှုပါ လျော့ ကျလာခြင်းကြောင့် ပို့ကုန် တန်ဖိုးမြင့်တက် လာကြောင်း  သိရသည်။            

ကျော်ကို

 

Read 44 times Last modified on Tuesday, 04 June 2019 12:01