SJ WorldNews - шаблон joomla Авто

ဖုန်းနှင့်ဆက်စပ်ပစ္စည်း အရောင်းဆိုင်များသို့ အခွန်အမှတ် တံဆိပ်ခေါင်း အခုရေ ၁၉၂ သိန်းထုတ်ပေး

Wednesday, 05 June 2019 09:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ အခွန်

တိုင်းဒေသကြီးနှင့်  ပြည်နယ်များရှိ  ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များသို့ ဇွန် ၁ ရက်မှစ၍ အခွန်အမှတ် တံဆိပ်ခေါင်း အခုရေ  ၁၉၂သိန်း ထုတ်ပေးထားကြောင်း  ပြည်တွင်းအခွန်များ ဦးစီးဌာန(နေပြည်တော်) ဒုတိယ ညွှန်ကြား ရေးမှူး  ဒေါ်ဆွေဆွေခိုင် ထံမှ သိရသည်။

ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချရာတွင်ပြေစာပေါ်၌  ဇွန် ၁ ရက်မှစ၍ အခွန်အမှတ် တံဆိပ်ခေါင်း ကပ်နှိပ်ပေးရမည့် စနစ်ကို  ကျင့်သုံးရမည်ဖြစ်ကြောင်း သိရသည်။

''ကုန်သွယ်ခွန်ဆိုတာက ၁၉၉ဝ ပြည့် နှစ်ကတည်းက စကောက်လာတာပါ။ အခုက ပြေစာအမှတ်တံဆိပ်ကပ်တဲ့စနစ်ကို စတင် ကျင့်သုံးတာပါ။ ဒါမှ ပြည်သူတွေက နိုင်ငံတော်ကို အခွန်ဘယ်လောက်ပေးဆောင်လိုက် တယ်ဆိုတာသိရမယ်။ ပြေစာပေါ်မှာ တံဆိပ်ခေါင်း မကပ်ဘူး၊ အခွန်ကောက်တာလည်း မရှိဘူးဆိုတိုင်း  အခွန်မကောက်ခံဘူးလို့  မထင်ပါနဲ့။  ဆိုင်တွေက  ဈေးနှုန်းထဲမှာ  တစ်ပါတည်းပေါင်းပြီးသားပါ။  ဒါကြောင့် အခွန်တံဆိပ်မကပ်ဘဲ   ရောင်းတာတွေ့ရင်  တိုင်ကြားပေးပါ'' ဟု ဒေါ်ဆွေဆွေခိုင်က ပြောသည်။

အခွန်အမှတ်တံဆိပ်ခေါင်း    အခုရေ ၁၉၂ သိန်း (တန်ဖိုး ငွေကျပ် ၇ ဒသမ ၈ ဘီလီယံခန့်)    ထုတ်ပေးထားခြင်းဖြစ်ပြီး

ထိုသို့ ထုတ်ပေးထားသည့် အခွန်တံဆိပ်ခေါင်းများမှာ ငွေကျပ် ၅ဝ တန် အခွန်တံဆိပ်ခေါင်း  အခုရေ ၁ဝ၃ သိန်း၊ ငွေကျပ် ၁ဝဝ တန် ၁၅ သိန်း၊ ငွေကျပ် ၂ဝဝ တန် ၂၄ သိန်း၊ ငွေကျပ် ၅ဝဝ တန် ၃၃ သိန်း၊ ငွေကျပ် ၁ဝဝဝ တန် ၁၂ သိန်း၊ ငွေကျပ် ၅ဝဝဝ တန် သုံးသိန်းနှင့် ငွေကျပ် ၁ဝဝဝဝ တန် နှစ်သိန်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အခွန်အမှတ်တံဆိပ်ခေါင်းများကို  မေ ၃ ရက်မှ  ၂၂ ရက်အထိ မြို့နယ်ပေါင်း  ၂ဝ၈ မြို့နယ်အတွင်းရှိ ဖုန်းနှင့် ဆက်စပ် ပစ္စည်းအရောင်းဆိုင်များသို့ ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဖုန်းအရောင်းဆိုင်များ အနေဖြင့်  လာရောက် ထုတ်ယူ နေဆဲဖြစ်ကြောင်း သိရသည်။

ဖုန်းနှင့် ဆက်စပ်ပစ္စည်း ရောင်းချသည့်အခါ  ဝယ်ယူသူများထံမှ ကုန်သွယ်လုပ်ငန်းခွန်    ရာခိုင်နှုန်း ကောက်ခံခြင်း ကိစ္စနှင့် ပတ်သက်ပြီး  ပြည်သူများသိရှိနားလည်စေရန် ပညာပေးခြင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း များကို   တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။      

ကျော်ကို

Read 64 times Last modified on Wednesday, 05 June 2019 09:49