SJ WorldNews - шаблон joomla Авто

မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ ကန်စွန်းဥနှင့် နာနတ်သီး တန်ချိန် အများအပြား တင်ပို့နေရ

Monday, 10 June 2019 13:59 font size decrease font size decrease font size increase font size increase font size

မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေး ဇုန်မှ  တရုတ်နိုင်ငံသို့   ပြည်တွင်းထွက် သစ်သီးဝလံမျိုးစုံ တင်ပို့လျက်ရှိရာ လက်ရှိ တွင် ကန်စွန်းဥနှင့်  နာနတ်သီးကဲ့သို့  ရာသီသီးနှံများကို တန်ချိန်အများအပြား တင်ပို့ နေရကြောင်း ကုန်သည်များထံမှ သိရသည်။

ထိုသို့တင်ပို့ရာတွင်   တစ်ပတ်လျှင် ကန်စွန်းဥတန်ချိန် ၁ဝဝဝ ခန့်၊ နာနတ်သီး  ၁၃ တန်ခန့် တင်ပို့လျက်ရှိပြီး တခြားသစ်သီး ဝလံများဖြစ်သည့် ဖရဲနှင့် သခွားမွှေးတန်ချိန် ၆ဝဝ ကျော်၊ သရက်သီးတန်ချိန် ၂ဝဝဝ ကျော် တင်ပို့ လျက်ရှိသည်။

''ကန်စွန်းဥနဲ့  နာနတ်သီးကို  မေလဆန်းပိုင်းလောက်ကစပြီး တင်ပို့ရတာပါ။ ကန်စွန်းဥတစ်တန်ကို ယွမ် ၁ဝဝဝ ကနေ ၁၅ဝဝ အထိရတယ်။ နာနတ်သီး တစ်တန်ကို  ယွမ်  ၁၆ဝဝ  ကနေ  ၈ဝဝဝ ကြား ရတယ်။ ကန်စွန်းဥကိုလည်း သူတို့ ကြိုက်နှစ်သက်ကြတယ်။ လားရှိုးကနေ မူဆယ်ကို တစ်တန် သယ်ယူစရိတ်က ငွေကျပ် ၁၄၂ ကျပ် ရှိတယ်'' ဟု မူဆယ်နယ်စပ်ရှိ ကုန်သည် ဦးလှိုင်မင်းထွန်း ကပြောသည်။

လက်ရှိ မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်သို့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကလေး၊ ကသာ၊  ကန့်ဘလူ၊  မော်လိုက်မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး၊ သီပေါ၊ ကွတ်ခိုင်၊   ကျောက်မဲမြို့နယ်၊   ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်၊ နမ့်စန်၊ မိုးနဲ၊  လင်းခေးမြို့နယ်နှင့်  မန္တလေးတိုင်း ဒေသကြီးတို့မှ တစ်နေ့လျှင် နာနတ်သီး ကားအစီးရေ ၁ဝ စီးမှ အစီး ၂ဝ အထိ  ဝင်ရောက်နေကြောင်း သိရသည်။

မြန်မာ့သစ်သီးဝလံများ ပြည်ပသို့ တိုးမြှင့် တင်ပို့နိုင်ရေးအတွက် အလားအလာကောင်းစွာ စိုက်ပျိုးထုတ်လုပ်နိုင်မည့် သီးနှံများကို ကန်ထရိုက် လယ်ယာစနစ် ဆောင်ရွက်နိုင်မည့် ကုမ္ပဏီများနှင့်   နည်းပညာ၊  ဈေးကွက် ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း သိရသည်။  

Read 60 times Last modified on Monday, 10 June 2019 14:00