SJ WorldNews - шаблон joomla Авто

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တစ်ဆင့် ဆန်တန်ချိန် တစ်သိန်းတင်ပို့မည်

Tuesday, 11 June 2019 09:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁ဝ

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တစ်ဆင့် ဆန်တန်ချိန် တစ်သိန်းတင်ပို့ရန် နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက် ရရှိထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တစ်ဆင့် ဆန်တန်ချိန်တစ်သိန်း တင်ပို့ရေးကိစ္စနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ဆန်တင်ပို့ရာတွင် အဓိက ဆောင်ရွက်နိုင်သည့် နည်းလမ်း(၄)ရပ် ရှိကြောင်း၊ နယ်စပ်ကုန်သွယ်ရေးအရ တရုတ်နိုင်ငံသည်  ဆန်တင်သွင်းမှု ကိုတာများကို တစ်နှစ်လျှင်တစ်ကြိမ် သတ်မှတ်ကြောင်း၊ ယင်းသို့သတ်မှတ်ရာတွင် G to G တင်သွင်းနိုင်သည့် ပမာဏနှင့် လုပ်ငန်းရှင်များမှတစ်ဆင့် တင်သွင်းနိုင်သည့် ပမာဏရှိကြောင်း၊ ယခုနှစ်တွင် ဆန်တန်ချိန်လေးသန်းခန့် သတ်မှတ်ထားကြောင်း၊ ထိုအထဲတွင်  G to Gွ  တင်သွင်းမည့် အပိုင်းနှင့် စီးပွားရေး လုပ်ငန်းရှင်များဖြင့် တင်သွင်းမည့် အပိုင်းဟူ၍ သတ်မှတ်ထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်သွင်းရာတွင်  G to G အနေဖြင့် ရေးထိုးထားသည့် MoU သက်တမ်းမှာ ၂ဝ၂ဝ ပြည့်နှစ်အထိဖြစ်ပြီး ဆန်တန်ချိန်တစ်သိန်း ရောင်းဝယ်ရန် စာချုပ်ချုပ်ဆိုထားကြောင်း၊  ယင်း MoU တွင် ဆန်ကွဲဝယ်ယူရန် ချုပ်ဆိုရန် စီစဉ်ထားကြောင်း၊ ၂ဝ၁၉ ခုနှစ် ဧပြီလအတွင်းတွင်  ထပ်မံရရှိသည့် ဆန်တန်ချိန် တစ်သိန်းဖြစ်ကြောင်း၊ ယခုတင်ပို့မည့် ဆန်တန်ချိန်တစ်သိန်းသည် စားသုံးမည့် ဆန်ချောများဖြစ်သောကြောင့် တရုတ်နိုင်ငံမှ သတ်မှတ်ထားသည့် သတ်မှတ်ချက်များဖြင့် ပြည့်မီရန်လိုကြောင်း၊ ဆန်တင်ပို့ ရောင်းချမည့် ကုမ္ပဏီများအနေဖြင့်  တရုတ်နိုင်ငံဘက်တွင် မှတ်ပုံတင်ထားရန် လိုကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ်အထိ MoU ရေးထိုးထားသည့် အထဲတွင် တရုတ်နိုင်ငံဘက်မှ    စစ်ဆေးထားသည့် ကုမ္ပဏီ ဆန်စက်ပေါင်း ၁၁ လုံးသာ ရှိကြောင်း၊ ယင်းဆန်စက် ၁၁ လုံးမှ ထွက်ရှိလာသည့် ဆန်များကိုသာ တင်ပို့၍ရသောကြောင့် ဆန်တန်ချိန် တစ်သိန်းကို နှစ်နှစ်ခန့် တင်ပို့ရကြောင်း၊ ယခုတင်ပို့မည့် ဆန်တန်ချိန်တစ်သိန်းကို အမြန်ဆုံးတင်ပို့နိုင်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် အရည်အသွေးပြည့်မီသည့်  ဆန်စက်များ ထပ်မံထွက်ပေါ်လာရန MITS မှဆန်စက်များကို   စိုက်ပျိုးရေး ဦးစီးဌာနနှင့် MoU ရေးထိုးဆောင်ရွက်၍ ဆန်စက် ၉၉ လုံးကို ထပ်မံစစ်ဆေးပြီး ကိုက်ညီမှုရှိပါက တရုတ်နိုင်ငံဘက်သို့ ပေးပို့ပြီး တရုတ်နိုင်ငံဘက်မှ ခွင့်ပြုသည့်ဆန်စက်များမှ   ဆန်တန်ချိန် တစ်သိန်းကို ပေးပို့မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံဘက်တွင်လည်း ဆန်တင်သွင်းမှု ကိုတာကို လာမည့်အောက်တိုဘာလတွင် ထပ်မံပြင်ဆင်ရန် ရှိသောကြောင့် လက်ရှိတင်ပို့ခွင့် ရရှိထားသည့် ဆန်တန်ချိန် တစ်သိန်းကို လာမည့် အောက်တိုဘာလမတိုင်မီ ပေးပို့နိုင်ရန် လိုမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ကိုတာကို အမြန်ဆုံးပြည့်မီအောင် တင်ပို့နိုင်မှသာ နောက်ထပ်ကိုတာများကို နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့်လည်းကောင်း၊ ကုန်စည်ချင်း ဖလှယ်သည့်စနစ်ဖြင့် လည်းကောင်း၊ နှစ်နိုင်ငံ G to G ကိုတာများအရ လည်းကောင်း     ပိုမိုတင်ပို့ သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၊ မြန်မာနိုင်ငံ ဆန်စက်ပိုင်ရှင်များ အသင်း၊ မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက်နှင့် တရုတ်နိုင်ငံတွင် မှတ်ပုံတင်ထားသည့် ဆန်တင်ပို့ခွင့် ရရှိထားပြီးဖြစ်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက    တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုအား သတ်မှတ်ကာလအတွင်း တင်ပို့နိုင်ရေး    ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဒုတိယ ဝန်ကြီးက ဆွေးနွေးတင်ပြမှုများ အပေါ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြောင်း သိရသည်။

Read 55 times Last modified on Tuesday, 11 June 2019 09:40