SJ WorldNews - шаблон joomla Авто

နှစ်ရှည် အကျိုးဖြစ်ထွန်းပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်သည့် လျှော်ဖြူ စိုက်ပျိုးရေး

Tuesday, 11 June 2019 11:59 font size decrease font size decrease font size increase font size increase font size

နှစ်ရှည်အကျိုး ဖြစ်ထွန်းပြီး   ဒေသခံများအား အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်သည့် လျှော်ဖြူကို စိုက်ပျိုးသင့်ကြောင်း မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် လှိုင်းတက်ကျေးရွာနှင့် ဆင်ရွာကျေးရွာ ပတ်ဝန်းကျင်၌ လျှော်ဖြူခြံလုပ်ငန်း စိုက်ပျိုး လုပ်ကိုင်နေသူများထံမှ သိရသည်။

''ဒီနှစ်ကတော့  ခုဇွန်လကနေစပြီး ငါးနှစ်သား သက်တမ်းရှိတဲ့အပင် ၁၄ဝဝဝ လောက်ကနေ အစေးထုတ်ယူမယ်။ စိုက်ထားတဲ့အပင်က ၂၂ဝဝဝ နီးပါး စိုက်ထားပြီးဖြစ်ပါတယ်။ ၁၃၅ ဧကကို ခြံခုနစ်ခြံခွဲပြီး တစ်ဧကအပင် ၂ဝဝ ခန့်စိုက်ထားပါတယ်။ စတင်စိုက်တဲ့ အချိန်ကတော့ တစ်ချိန်တည်း မဟုတ်ပါဘူး။ ၂ဝ၁၃  ခုနှစ်မှာ ဧက ၂ဝ  စတင်စိုက်ပျိုးခဲ့ပြီး  ၂ဝ၁၄  ခုနှစ်မှာ ၈၅ ဧကနဲ့ ၂ဝ၁၅ ခုနှစ်မှာ ဧက ၃ဝ တစ်နှစ်ပြီး တစ်နှစ်    တိုးချဲ့လာခဲ့တာ ဖြစ်ပါတယ်'' ဟု ရွှေလျှော်ဖြူ မင်္ဂလာ စိုက်ပျိုးရေးခြံမှ ဦးမြင့်လှိုင်က ပြောသည်။

အစေးထုတ်ယူမည့် အချိန်မှာ ဇွန်လမှ ဒီဇင်ဘာလအထိဖြစ်ပြီး ယခုစတင်ထုတ်ယူချိန်တွင် အထွက်နည်းသော်လည်း  အလုပ်သမား ၇ဝ  ဦးခန့်ဖြင့် နေ့စဉ် ထုတ်ယူနေရကြောင်းနှင့်  အစေးဖြိုင်ဖြိုင် ထွက်သည့် လများတွင် အလုပ်သမားများ ထပ်မံခေါ်ယူရသည့် အတွက် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြောင်းနှင့်   ထွက်ရှိလာသော လျှော်ဖြူစေးကို တစ်ပိဿာလျှင်  ငွေကျပ် ၄၅ဝဝဝ အထိ ရရှိကြောင်း သိရသည်။

လျှော်ဖြူပင်သည် နှစ်ရှည်ပင်ဖြစ်၍ သက်တမ်းရင့်ပါက တစ်နှစ်ထက်တစ်နှစ် အထွက်နှုန်း ပိုမိုကောင်းမွန်ပြီး ရေရှည်အကျိုး ဖြစ်ထွန်းကာ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန် လုပ်ငန်းများနှင့် စက်မှုကုန်ကြမ်းများတွင်  အသုံးဝင်မှုများသောကြောင့်   စီးပွားဖြစ် စိုက်ပျိုးသင့်ကြောင်း သိရသည်။

Read 92 times Last modified on Tuesday, 11 June 2019 12:00