SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ရိုးရာအိတ်များနှင့် လွယ်အိတ်များရောင်းအား တက်လာ

Thursday, 21 September 2017 10:51 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၂ဝ

ပွင့်လင်း ရာသီရောက်ရှိလာ၍ ရိုးရာအိတ်များနှင့် လွယ်အိတ်များရောင်းအား တက်လာကြောင်း ရန်ကုန်မြို့ မင်္ဂလာဈေးအနီးရှိမေတ္တာမွန် အိတ် အရောင်းဆိုင်မှ မမျိုးကပြောသည်။ယင်းဆိုင်၌

ရိုးရာ ဘေးလွယ်အိတ်နှင့် တခြားလွယ်အိတ်အမျိုး အစားပေါင်း ၃ဝခန့်ရှိပြီး ဈေးနှုန်းများမှာ ငွေ ကျပ် ၇ဝဝမှ ငွေကျပ် ၃၃ဝဝ အထိရှိကြောင်း သိရသည်။''ပွင့်လင်းရာသီ ရောက်စပြုလာတော့ရောင်း အားကောင်း လာပါတယ်။ မိုးရာသီမှာတော့ ဖောက်သည်တွေလောက်ပဲ ပုံမှန်ဝယ်တယ်။ နယ်ကဝယ်လက်တွေများတယ်''ဟု မမျိုးက ပြောသည်။

လတ်တလောတွင် မုန်တိုင်း၏ အရှိန်ကြောင့် မိုးရွာသွန်းမှုရှိသော်လည်း နယ်ဝယ်လက်များက အဓိကဝယ် ယူလျက်ရှိပြီးနေပြည်တော်နှင့် ပြွန်တန်ဆာမြို့တို့မှ ပိုးကြိုး အင်းလေး ဘေးလွယ်အိတ် များကို ပိုမို အဝယ်များကြောင်း သိရသည်။

''ဘေးလွယ်အိတ်က ဆင်ရုပ်လေးနဲ့ ပိုးလိုင်းလေးတွေနဲ့လည်းရှိတယ်။ ရိုးရိုးလိုင်းနဲ့လည်း ရှိတယ်။ အဲဒီအိတ်တွေက ရောင်စုံရှိတယ်။ ကျောင်းလွယ်အိတ်တွေထဲမှာ အဲဒါတွေကို အဝယ်များတယ်။ ပိုးကြိုးလေးတွေပါတဲ့ ပိုးကြိုးအင်းလေးဘေးလွယ်အိတ်တွေက ပိုအဝယ်လိုက်တယ်။ ဆင်ရုပ်နဲ့ရှမ်းတောင်ကြီးအိတ်တွေလည်း ဝယ်ကြပါတယ်'' ဟု မမျိုးကပြောသည်။ယင်းရိုးရာ ဘေးလွယ် အိတ် များနှင့် လွယ်အိတ်များမှာ ယမန်နှစ်များကထက် ယခုနှစ်တွင် ပိုမို အဝယ် လိုက်လာကြောင်းသိရသည်။

Read 435 times Last modified on Thursday, 21 September 2017 11:52