SJ WorldNews - шаблон joomla Авто

ကျောက်စိမ်းအတွဲပေါင်း ၉၉ တွဲကို ရောင်းချနိုင်ခဲ့

Thursday, 13 June 2019 09:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁၂

မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာပြပွဲ၏ ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းမှ စ၍ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပသည်။

အဆိုပါ ကျောက်မျက်ရတနာများ ရောင်းချပွဲကို ကုမ္ပဏီပေါင်း ၇၃၂ ခုမှ ပြည်တွင်းရတနာ ကုန်သည် ၂ဝ၁ဝ ဦး တက်ရောက်ရန် မှတ်ပုံတင်ထားရှိပြီး   ယနေ့တွင် ကျောက်စိမ်းတွဲ ၁ဝ၅ဝ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ အတွဲပေါင်း ၉၉၈ တွဲကို တန်ဖိုးငွေကျပ် ၂၁၆၇၁ ဒသမ ၉၇၉ သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။

ထို့ပြင် ဇွန် ၁၃ ရက် (ယနေ့)တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းတွဲ ၂၁ဝ၁ မှ ၃၁ဝ၈ ထိကို ရတနာကုန်သည်များက စိတ်ကြိုက်စစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ဈေးနှုန်းပေးသွင်းလွှာများ စနစ်တကျ ထည့်သွင်းခဲ့ကြသည်။

မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲ ၂၆ဝ တွဲ၌ ၄၉ တွဲကို ဇွန် ၁ဝ ရက်က တန်ဖိုးငွေကျပ် ၃၆၂ ဒသမ ဝ၉၉ သန်းဖြင့် ရောင်းချခဲ့ပြီး အဆိုပါ ကျောက်မျက်များကို တစ်ရက်တည်းသာ ရောင်းချခဲ့ခြင်းဖြစ်သည်။ ကျောက်စိမ်းအတွဲပေါင်း ၁ဝ၅ဝ တွဲ၌ ၁ဝ၃၈ တွဲကို ဇွန် ၁၁ ရက်က ၁၈၈ဝဝ ဒသမ ၁၆၅ သန်းဖြင့် ရောင်းချခဲ့ရပြီး စုစုပေါင်း ယနေ့ထိ ကျောက်မျက် ၄၉ တွဲကို တန်ဖိုးငွေကျပ် ၃၆၂ ဒသမ ဝ၉၉ သန်းနှင့် ကျောက်စိမ်းတွဲ ၂ဝ၃၆ တွဲကို ၄ဝ၄၇၂ ဒသမ ၁၄၄ သန်းဖြင့် ရောင်းချခဲ့ပြီး ဖြစ်ကြောင်း  သိရသည်။

Read 39 times Last modified on Thursday, 13 June 2019 09:20