SJ WorldNews - шаблон joomla Авто

မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက် ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

Friday, 14 June 2019 10:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇွန်   ၁၃

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ကြီးမှူးကျင်းပသည့်  ကျောက်မျက်ရတနာများ  မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို  ဇွန် ၈  ရက်မှ ၁၃ ရက်အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ကျောက်မျက်အတွဲပေါင်း ၄၉ တွဲကို တန်ဖိုးငွေကျပ်  ၃၆၂  ဒသမ  ဝ၉၉  သန်းဖြင့် လည်းကောင်း၊  ကျောက်စိမ်းအတွဲပေါင်း ၃ဝ၁၁ တွဲကို တန်ဖိုးငွေကျပ် ၆ဝ၅၂၉ ဒသမ ၈၇၈ သန်းဖြင့် လည်းကောင်း ရောင်းချပေး နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောက်မျက်ရတနာများ မြန်မာ ကျပ်ငွေဖြင့်ရောင်းချပွဲကို  ဇွန်  ၁၃  ရက် နောက်ဆုံးနေ့တွင် ကျောက်စိမ်းတွဲ ၁ဝဝ၈ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ အတွဲပေါင်း  ၉၇၅  တွဲကို တန်ဖိုးငွေကျပ် ၂ဝဝ၅၇ ဒသမ ၇၃၄ သန်းဖြင့် ရောင်းချခဲ့ပြီး ကုမ္ပဏီပေါင်း ၇၃၂ ခုမှ ပြည်တွင်းရတနာ ကုန်သည် ၂ဝ၁ဝ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Read 92 times Last modified on Friday, 14 June 2019 10:29