SJ WorldNews - шаблон joomla Авто

ရန်ကုန်ရွှေဈေး အမြင့်ပိုင်းတွင် ရှိသောကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေ

Thursday, 20 June 2019 12:51 font size decrease font size decrease font size increase font size increase font size

ရန်ကုန်ဈေးကွက်အတွင်း ရွှေဈေးနှုန်း များ တရိပ်ရိပ်မြင့်တက်ပြီး အမြင့်ပိုင်းတွင် ရှိသောကြောင့် အရောင်းအဝယ် အေးနေကာ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်ပါက ရန်ကုန်ရွှေ ဈေးနှုန်း ဆက်လက်မြင့်တက် လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး  ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် ၏ပြောဆိုချက်အရ သိရသည်။

ရန်ကုန်ရွှေဈေးကွက်အတွင်း ဇွန် ၁၉ ရက် နံနက်ပိုင်းက အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁ဝ၈၄၅ဝဝ ဖြင့် ဈေး ဖွင့်ပြီး နေ့လယ်ပိုင်းတွင် ငွေကျပ် ၁ဝ၈၂၅ဝဝ သို့ ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့သည်။

အမေရိကန်နှင့်    တရုတ်နိုင်ငံတို့၏   ကုန်သွယ်ရေး စစ်ပွဲများကြောင့်     ကမ္ဘာ့ ရွှေဈေးနှုန်း မြင့်တက်လျက်ရှိပြီး  ဇွန်  ၁၉ ရက်က ကမ္ဘာ့ရွှေတစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၁၃၄၆ ဒေါ်လာအထိ ဈေးနှုန်း ရှိနေသည်။

ထို့ပြင် ပြည်တွင်းငွေလဲနှုန်းသည်လည်း ဇွန် ၁၈ ရက်က အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ငွေကျပ် ၁၅၃ဝ ဒသမ ၂  ကျပ်အထိ  ဈေးနှုန်းရှိခဲ့ပြီး ဇွန် ၁၉ ရက်က ပြင်ပပေါက်ဈေး ဝယ်ဈေး ငွေကျပ် ၁၅၂၅ ကျပ်နှင့်  ရောင်းဈေး  ငွေကျပ် ၁၅၂၈ ကျပ်အထိ ဈေးနှုန်းရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေး နှင့်  ပြည်ပငွေလဲနှုန်းပေါ်တွင်  မူတည်လေ့ရှိရာ ပြီးခဲ့သည့်နှစ်က ပြည်တွင်း ငွေလဲနှုန်းများ မြင့်တက်လာသည့်အတွက် ရန်ကုန် ရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းများ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။

Read 68 times Last modified on Thursday, 20 June 2019 12:52