SJ WorldNews - шаблон joomla Авто

မြန်မာ့လက်မှု ထုတ်ကုန်များကို ပြည်ပမှ ဝယ်လိုအားရှိသော်လည်း တင်ပို့ရန် ခက်ခဲမှုများ ရှိနေ

Friday, 21 June 2019 11:51 font size decrease font size decrease font size increase font size increase font size

မြန်မာ့လက်မှု ထုတ်ကုန်ပစ္စည်းတချို့ကို  ပြည်ပဈေးကွက်ဝယ်လိုအား ရှိသော်လည်း ပြည်ပသို့တင်ပို့ရန်   အခက်အခဲများ ရှိနေကြောင်း   မြန်မာ့လက်မှု အနုပညာအသင်း   ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အောင်၏ ပြောပြချက်အရ သိရသည်။

''လောလောဆယ်မှာ ပြည်ပတင်ပို့နိုင်ဖို့ အခက်အခဲ အနည်းငယ်ရှိတယ်။ ဒါတွေကို   အသင်းအနေနဲ့  အဆင်ပြေအောင်  လုပ်ဆောင်သွားဖို့ရှိပါတယ်။ ဌာနဆိုင်ရာတွေနဲ့ ဆွေးနွေးတဲ့အခါမှာလည်း ဒါတွေကို စီစဉ်ပေးနိုင်ဖို့ အခက်အခဲတွေ မရှိအောင် အဓိကထားပြီး ဆွေးနွေးမှာဖြစ်ပါတယ်''ဟု ဦးမောင်မောင်အောင် ကပြောသည်။

မြန်မာ့လက်မှု ပစ္စည်းများသည် ပြည်တွင်းဈေးကွက်တွင်လည်း   ဝယ်လိုအားရှိနေပြီး အမှတ်တရ လက်ဆောင်ပစ္စည်းအဖြစ် ပေးရန်နှင့် နေအိမ်ဒီဇိုင်းအပြင်အဆင် အလှအပ ပစ္စည်းအဖြစ် အသုံးပြုရန်  ဝယ်ယူလာကြကြောင်း သိရသည်။

''မြန်မာနိုင်ငံအနေနဲ့ ဒီလိုလက်မှုလုပ်ငန်းတွေက လုပ်သင့်တဲ့ လုပ်ငန်းတစ်ခုလို့ ပြောချင်ပါတယ်။ အာရှမှာရှိတဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့မှာဆိုရင် ဒီလုပ်ငန်းနဲ့ စီးပွားဖြစ်နေကြတာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာ   လက်မှုထုတ်ကုန်တွေကို ပြည်ပဝယ်လိုအား ရှိလို့  တင်ပို့ချင်ပေမယ့် အခက်အခဲလေးတွေ ရှိနေပါတယ်။ ဒါကိုလည်း တာဝန်ရှိသူတွေနဲ့ အစည်းအဝေး လုပ်တိုင်း ဆွေးနွေးသင့်တာတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်'' ဟု ဦးမောင်မောင်အောင် ကပြောသည်။

ထို့ပြင် မြန်မာ့လက်မှုထည် လုပ်ငန်းရှင်များအနေဖြင့်     ပြည်ပဆွေးနွေးပွဲများသို့ တက်ရောက်ကာ    နည်းပညာဆိုင်ရာ မြှင့်တင်ဆွေးနွေးမှုများအတွက် အစိုးရပိုင်း၏ ပံ့ပိုးမှုများ  လိုအပ်လျက်ရှိကြောင်း  သိရသည်။

 

Read 55 times Last modified on Friday, 21 June 2019 11:55