SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၁ သိန်းနီးပါးအထိ စံချိန်တင် ဆက်လက်မြင့်တက်လာ

Friday, 21 June 2019 12:25 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇွန်  ၂ဝ

ကမ္ဘာ့ရွှေဈေး တစ်ရက်အတွင်း တစ်အောင်စလျှင် ဒေါ်လာ ၄ဝ အထိ မြင့်တက်မှုကြောင့် ယနေ့တွင် ရန်ကုန်ရွှေဈေးနှုန်း  စံချိန်တင် ဆက်လက်မြင့်တက်ကာ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၁ သိန်း နီးပါးအထိ စံချိန်တင် ဆက်လက်မြင့်တက်လာခဲ့ကြောင်း ရန်ကုန်ရွှေဈေးကွက် အတွင်းမှ သိရသည်။

ရန်ကုန်ရွှေဈေးကွက်အတွင်း၌ ယမန်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁ဝ၈၂၅ဝဝ ဖြင့် ဈေးပိတ်ခဲ့ရာမှ ယနေ့တွင် ငွေကျပ် ၁ဝ၉၆ဝဝဝဖြင့် ဈေးဖွင့်ခဲ့သည်။ နေ့လယ်ပိုင်းတွင် ငွေကျပ် ၁ဝ၉၈ဝဝဝ အထိ ဈေးနှုန်း မြင့်တက်နေခြင်းဖြစ်ပြီး ဈေးကွက်အတွင်း၌ ငွေကျပ် ၁၁ သိန်းကျော်အထိ မြင့်တက်နေကြောင်း ရွှေလုပ်ငန်းကျွမ်းကျင်သူများမှ သုံးသပ်မှုများ ရှိနေသည်။

''ကမ္ဘာ့ရွှေဈေးတက်လို့ ဒီနေ့က ရန်ကုန် ရွှေဈေး ဆက်တက်တာပါ။ ကမ္ဘာ့ဘဏ်က အတိုးနှုန်းလျှော့ချမယ် ဆိုတော့ ကမ္ဘာမှာ အဝယ်လိုက်ပြီး ကမ္ဘာ့ရွှေဈေးက မြင့်တက်လာတာပါ''ဟု   ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့် က ပြောသည်။

ယမန်နေ့က ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁၃၄၃ ဒေါ်လာအထိ ဈေးနှုန်းရှိခဲ့ပြီး ယနေ့တွင် ၁၃၈၃ ဒေါ်လာအထိ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးထက် တစ်ကျပ်သားလျှင် ငွေကျပ်နှစ်သောင်းအထိ ဈေးနှုန်း လျော့ကျထားသည့်အတွက် ယခု ထက် ဈေးနှုန်းလျှော့ချပါက အိန္ဒိယ စသည့် အခြားနိုင်ငံများသို့ ဝင်ရောက်သွားနိုင်ကြောင်း၊

ယခုလအတွင်းပြုလုပ်မည့်  ယူ ၂ဝ ထိပ်သီး ဆွေးနွေးပွဲတွင်လည်း ကမ္ဘာ့ဘဏ် အတိုးနှုန်းများ လျှော့ချရန် ဆွေးနွေးကြမည်ဖြစ်သောကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း၌ ရွှေများကို  ဝယ်ယူစုဆောင်း နေကြသည့်အတွက် ကမ္ဘာ့ရွှေဈေး မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။                        

Read 76 times Last modified on Friday, 21 June 2019 12:26