SJ WorldNews - шаблон joomla Авто

ထန်းတပင်နှင့်အုတ်တွင်းမြို့နယ် တို့တွင် မြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းများ ပျက်စီးမှု များပြား၍ တောင်သူများ အရှုံးပေါ်

Monday, 24 June 2019 10:35 font size decrease font size decrease font size increase font size increase font size

တောင်ငူခရိုင်အတွင်းရှိ ထန်းတပင်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့တွင် စစ်တောင်းမြစ်ရေတင် စနစ်ဖြင့် စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းများ ပျက်စီးမှု များပြားသည့်အတွက် တောင်သူများ အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။

''ထန်းတပင်မြို့နယ်ထဲမှာဆိုရင် ချောင်းဝ၊ပဲပုတ်၊ အုန်းပင်၊ ဇီးဖြူသောင်ကျေးရွာတွေဘက်မှာ အများဆုံးပြောင်းကို စိုက်ပျိုးကြတယ်။

အုတ်တွင်းဘက်မှာဆိုရင် ခေါင်းရမ်း၊ဝတီးရွာတွေဘက်မှာ အများဆုံး စိုက်ပျိုးကြတာ တွေ့ရတယ်။ ဒီနှစ်က ပြောင်းစိုက်ပျိုးထားတဲ့ နွေကာလမှာ အပူချိန်က အရမ်းပြင်းတော့ ရေမနိုင်ဘူးပေါ့။ မြစ်ထဲကနေ ရေကိုစက်နဲ့ မောင်းတင် တယ်။ ဒီဘက်ကတင်တော့ ဟိုဘက်ကခြောက်၊ ဟိုဘက်ကိုတင်တော့ ဒီဘက်ကခြောက် အဲ့လိုဖြစ်ကုန်တာ ပြောင်းခင်းတွေကိုကြည့်လိုက်ရင် အဖူးတွေက စိမ်းနေတာပဲ။

ဒါပေမဲ့ ပြောင်းဖူးကို နွှာကြည့်လိုက်တော့ အထဲမှာအဆန်တွေက ကျဲနေတယ်။ အချို့အဖူးတွေဆို လေးငါးစေ့ပဲပါတာတွေ့ရတော့ ဒီမှာလွှင့်ပစ်ရတာက များတယ်''ဟု တောင်ငူရှိ   ပြောင်းအဝယ်ဒိုင် ကုန်သည်တစ်ဦးက ပြောသည်။

ပြောင်းစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ထယ်ရေးပြုပြင်ခြင်း၊ ရေသွင်းခြင်း၊ စိုက်ပျိုးခြင်း၊ မျိုးစရိတ်စက်သုံးဆီဖိုး၊ခုတ်သိမ်းခများမှာ တစ်ဧကလျှင် ငွေကျပ်လေးသိန်း ဝန်းကျင်အထိ ကုန်ကျစရိတ်ရှိပြီး ဈေးကွက်သို့ ပြောင်းဖူးပြန်လည် တင်ပို့ရောင်းချသည့်အခါ ကုန်ကျစရိတ်၏ ထက်ဝက်ပင်ပြန်လည်ရရှိခြင်း မရှိကြောင်း သိရသည်။

Read 55 times Last modified on Monday, 24 June 2019 10:36