SJ WorldNews - шаблон joomla Авто

ဘုရင့်နောင် ကုန်စည်ဒိုင်သို့ဝင်ရောက်သည့် ဆန်ကွဲသုံးပုံ တစ်ပုံကို မူဆယ်ဈေးကွက်သို့ တင်ပို့နေ

Wednesday, 26 June 2019 09:12 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ဝင်ရောက်သည့် ဆန်ကွဲများအနက်မှ သုံးပုံတစ်ပုံကို  မူဆယ်ဈေးကွက်သို့ တင်ပို့နေပြီး ကျန်ဆန်ကွဲများကို ပင်လယ်ရေကြောင်းမှ တစ်ဆင့်  ပြည်ပနိုင်ငံများသို့  တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း  အတွင်းရေးမှူး  ဦးသန်းဦးထံမှ  သိရသည်။

ထိုသို့တင်ပို့ရာတွင်    စက်မှုကုန်ကြမ်းအဖြစ်   လိုင်စင်ဖြင့် တင်ပို့နေသည့်အပြင် ကြိုက်ဈေးဖြင့် ဝယ်ယူ စုဆောင်းမှုများလည်း ရှိနေသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဇွန် ၂၄ ရက်က  ဆန်ကွဲအိတ်ရေ  နှစ်သောင်းဝန်းကျင် ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းလည်း မြင့်တက်လျက်ရှိသည်။ 

ယခုဘဏ္ဍာနှစ်ရှစ်လတာကာလအတွင်း တရုတ်နိုင်ငံနှင့် Border  Trade နိုင်ငံများ၊  ဥရောပ သမဂ္ဂနိုင်ငံများ၊ အာဖရိကနိုင်ငံများနှင့် တခြားနိုင်ငံပေါင်း  ၂၈  နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃ဝ၆၉၉၈ ဒသမ ၂၆ဝ ကို ပင်လယ်ရေကြောင်းမှ တစ်ဆင့်   ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။        

Read 54 times Last modified on Wednesday, 26 June 2019 09:13