SJ WorldNews - шаблон joomla Авто

စလစ်ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် နံပါတ်ထွက်ပြီးသား ယာဉ်များသာ အရောင်းအဝယ် ဖြစ်နေ

Thursday, 27 June 2019 09:18 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မော်တော်ယာဉ် ဈေးကွက်တွင် စလစ်ဈေးနှုန်း  တဖြည်းဖြည်း မြင့်တက်လာခြင်းကြောင့် နံပါတ်ထွက်ပြီးသား ယာဉ်များသာ အရောင်းအဝယ်ဖြစ်နေကြောင်းမော်တော်ယာဉ်ဝယ်ရောင်း လုပ်ကိုင်သူများထံမှ သိရသည်။

ဈေးကွက်အကြိုက်  ဂျပန်ညာမောင်း ယာဉ်ဟောင်းများသာ ပုံမှန်အရောင်းအဝယ် ဖြစ်နေပြီး  ရန်ကုန်လိုင်စင်  Honda Fit ၊ Toyota Probox ၊ Toyota Succeed ၊ Toyota Vitz ၊ Toyota Belta ၊ Toyota Fielder ၊ Toyota Wish ၊ Toyota Kluger ၊ Toyota Crown  နှင့် Toyota Mark II တို့ အဝယ်လိုက်နေကြောင်း သိရသည်။

''အဝယ်အများစုက တောင်ကိုရီးယားနဲ့ တရုတ်လုပ်ငန်းသုံး ကားတွေကို မကြိုက်ကြဘူး။ ရင်းနှီးပြီးသားဖြစ်တဲ့ ဂျပန်ညာမောင်း ကားတွေကိုပဲ တက်ဈေးနဲ့ ဝယ်ယူကြတယ်။

နယ်အဝယ်ပြန်ဆင်းလာရင် အရောင်းအဝယ် ပြန်ကောင်းလာတယ်'' ဟု  မော်တော်ယာဉ် ဝယ်ရောင်းအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်း ကပြောသည်။

မော်တော်ယာဉ်ရောင်းဝယ်ရေး စခန်းများ၌  ဈေးကွက်အကြိုက် ငွေကျပ်သိန်း ၂ဝဝ အောက် ရန်ကုန်လိုင်စင် ၁၃ဝဝ စီစီကားများ ဈေးထပ်မံမြင့်တက်သွားပြီး ပြန်ရောင်းမည့် ကားလည်း ရှားပါးနေကြောင်း သိရသည်။

Brand New ကားများအတွက် စလစ်လိုအပ်ချက် ရှိနေခြင်းကြောင့်   စလစ်ဈေး တဖြည်းဖြည်း မြင့်တက်နေပြီး ရန်ကုန်လိုင်စင် နှစ် ၂ဝ အမည်ပေါက်စလစ် ဈေးနှုန်းသည် ငွေကျပ် ၁၄၅ သိန်းဝန်းကျင်နှင့် တိုက်ကြေစလစ်ဈေးနှုန်းသည်  ငွေကျပ် ၁၂၇ သိန်း ဝန်းကျင် ပေါက်ဈေး ရှိကြောင်း မော်တော်ယာဉ် ဈေးကွက်မှ သိရသည်။

Read 48 times Last modified on Thursday, 27 June 2019 09:19