SJ WorldNews - шаблон joomla Авто

မိုးရာသီကာလ လားရိှုးမြို့၌ ဆန်အရောင်းအဝယ် အေးနေ

Thursday, 27 June 2019 09:49 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ ယခုမိုးရာသီကာလ၌ ဒေသတွင်း ဆန်အရောင်းအဝယ် အေးနေကြောင်း ဆန်ကုန်သည်တစ်ဦးဖြစ်သည့် လားရှိုးမြို့မဈေးရှိ ရွှေဆင် ဆန်ဆိုင်ပိုင်ရှင် ဦးညွန့်လွင် ထံမှ သိရသည်။

ယခုရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ်၊ ဖျာပုံမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရွှေဘိုမြို့နယ်တို့မှ ထွက်ရှိသော  ပုသိမ်ပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ ဇီယာ၊ ၇၄၇၊ ပုလဲသွယ်၊ ငစိန်၊  မှော်ဘီ စူပါ၊ ဧရာမင်း၊ မကြမ်းတော အစရှိသော ဆန်အမျိုးအစားများ ဝင်ရောက်လျက်ရှိသည်။

''ဒီနှစ်မိုးရာသီဆိုရင် ဆန်အရောင်းအဝယ် အတော်လေး အေးနေတယ်။ ကျွန်တော်တို့ ဆန်ရောင်းတဲ့အခါမှာ ဒေသခံတွေနဲ့  ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဝယ်ယူကြတယ်။ ဝယ်ယူကြတဲ့အခါမှာ အရင်က ၂၄ ပြည်အိတ်လိုက် ရောင်းချရတာတွေ ရှိခဲ့တယ်။ အခုအခါမှာတော့၂၄ ပြည်အိတ်လိုက် ဝယ်ယူမှုနည်းပါးသွားပြီး ခြောက်ပြည်အိတ်နဲ့ ပြည်ဆွဲလေးတွေလောက်ပဲ အဝယ်များတော့တယ်။  မိုးရာသီလည်း ဖြစ်တော့ လမ်းပန်းဆက်သွယ်ရေးကလည်းခက်၊ တောင်ယာလုပ်ငန်းတွေ လုပ်နေချိန်လည်း ဖြစ်တော့ အဝယ်အေးနေတယ်။ ဆန်ဈေးအတက်အကျ အနေနဲ့ကတော့ ဆန်ကြမ်းအုပ်စုတွေလောက်ပဲ တစ်အိတ်နှုန်းမှာ ငွေကျပ် ၃ဝဝဝ လောက်ပဲ ကျသွားပြီး ပြည်လိုက်ဈေးမှာတော့ တစ်ပြည်ကိုငွေကျပ် ၁ဝဝ နှုန်းလောက်ပဲ ကျသွားတယ်။ ကျွန်တော်တို့ သယ်ယူရတဲ့စရိတ် ကတော့ ပုံမှန်ဈေးနှုန်းနဲ့ပဲ သယ်ယူနေရတာဖြစ်တဲ့အတွက် အဆင်ပြေပါတယ်။ ဆန်ကြမ်းတွေကို   တရုတ်နိုင်ငံဘက်က မဝယ်တော့တဲ့ အတွက်  မူဆယ်ဘက်မှာ ဆန်ကားတွေ တစ်နေတာတော့ သိရပါတယ်''ဟု ရွှေဆင်ဆန်ဆိုင်ပိုင်ရှင် ဦးညွန့်လွင်က ပြောသည်။

လက်ရှိဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ် ၅၈ဝဝဝ မှ ၆ဝဝဝဝ၊ ဖျာပုံနှင့် ပုသိမ်ပေါ်ဆန်းတို့မှာ တစ်အိတ်လျှင် ငွေကျပ် ၄၈ဝဝဝ မှ၅ဝဝဝဝ၊ ဆန်ကြမ်းများဖြစ်သည့် ဧည့်မထတန်းဝင် ဇီယာ၊ပုလဲသွယ်၊ ငစိန်ဆန်များမှာ တစ်အိတ်လျှင် ငွေကျပ် ၂၇ဝဝဝ မှ ၂၈ဝဝဝ၊ ဧရာမင်း၊ မကြမ်းတောဆန် အမျိုးအစားများမှာ တစ်အိတ်လျှင်  ငွေကျပ် ၅၅ဝဝဝ ဖြစ်ကြောင်း သိရသည်။

Read 48 times Last modified on Thursday, 27 June 2019 09:50