SJ WorldNews - шаблон joomla Авто

ယခုနှစ် ဖာလာသီး အထွက်နှုန်း များသော်လည်း ခန့်မှန်းရန် ခက်ခဲနေ

Monday, 25 September 2017 10:22 font size decrease font size decrease font size increase font size increase font size

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၌ ယခုနှစ် ဖာလာရိတ်သိမ်းချိန်တွင် ယမန်နှစ်ကထက် ဖာလာသီး အထွက်နှုန်း များပြားသော်လည်း ဖာလာပင်များကို ကြွက်များဖျက်ဆီးသည့်အတွက် လက်ရှိတွင် အထွက်နှုန်း အရေအတွက် ခန့် မှန်းရန် ခက်ခဲနေကြောင်း မြန်မာ့ချဉ်ပေါင်ဖာလာ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့အကြံပေး ဦး စောလောလမင်းထံမှ သိရသည်။

''ဒီနှစ်မှာ ဖာလာပိုသီးတယ်။ ဒါပေမဲ့ နောက်ဆုံးထွက်လာတဲ့ အခြေအနေကို ပြောလို့မရသေးဘူး။ အခုက အသီးခူးနေ တဲ့ကာလမို့ပါ။ ဒီနှစ်မှာ ကြွက်ကလည်း ဖျက်တော့ အထွက်နှုန်းကို တော်တော်လေး ခန့်မှန်းရခက်နေပါတယ်'' ဟု ဦးစောလောလမင်းက ပြောသည်။ သံတောင်ကြီးမြို့နယ်မှ ထွက်ရှိေ သာ ဖာလာသီး၏ ထူးခြားချက်မှာ ဓာတ်မြေသြဇာ များမသုံးသည့် အော်ဂဲနစ် သီးနှံစစ်စစ်ဖြစ်ကာ ပြီးခဲ့သည့်နှစ်အတွင်းက ဖာလာသီး ပိဿာချိန် ၁ ဒသမ ၇ သန်းခန့် ထွက်ရှိကြောင်း သိရသည်။ ''ဒီနှစ် အထွက်နှုန်းကတော့များမယ်။ နောက်နှစ်ကတော့နည်းမယ်။ တစ်နှစ်နဲ့တစ်နှစ် မတူဘူး။ တစ်ခါတလေ အသီးပိုကြီးတာရှိသလို ပိုသေးတာလည်းရှိတယ်'' ဟုဦးစောလောလမင်းက ပြောသည်။

မြန်မာနိုင်ငံ၌ သံတောင်ကြီးမြို့နယ် အပါအဝင် တစ်နိုင်ငံလုံး၌ ဖာလာစိုက်ဧက တစ်သိန်းခွဲခန့်ရှိကြောင်း၊ ဖာလာသီး များကိုနှစ်စဉ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ခူးဆွတ်လေ့ရှိကြောင်း သိရသည်။

Read 426 times Last modified on Monday, 25 September 2017 11:36