SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မြန်မာ့ဖရဲနှင့် သခွားမွှေးကို ဒူဘိုင်းသို့ ပထမဆုံးအကြိမ် သွားရောက် ပြသ၍ ဈေးကွက် ရှာဖွေရန် စီစဉ်

Tuesday, 26 September 2017 08:50 font size decrease font size decrease font size increase font size increase font size

မြန်မာ့ဖရဲနှင့် သခွားမွှေးကို ဒူဘိုင်းသို့ ပထမဆုံးအကြိမ် သွားရောက်ပြသ၍ ဈေးကွက်ရှာဖွေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းထံမှ သိရသည်။

''မြန်မာ့ဖရဲနဲ့ သခွားမွှေးကို ဒူဘိုင်းမှာ ကျင်းပမယ့်ပြပွဲမှာ ပါဝင်ပြသပြီး ဈေးကွက် ရှာဖွေမှုအနေနဲ့ လုပ်ဆောင်သွားမှာ ပါ။ အဓိကကတော့ ပြပွဲမှာ မြန်မာနိုင်ငံက တောင်သူတွေ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်ထားတဲ့ ဖရဲနဲ့ သခွားကို ပါဝင်ပြသမှာပါ။ ပြပွဲမှာလာရင်းနဲ့ အကြိုက်တွေ့ရင် စာချုပ်ချုပ်မယ်။ ကြို က်ရောင်းကြိုက်ဝယ် ပုံစံမျိုးနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ပြသမှာ ဖြစ်ပါတယ်။ ပြပွဲကနေ တောင်သူတွေ ဈေးကွက်ရအောင် စီစဉ်ပေးမှာပါ''ဟု ဦးနိုင်ဝင်းက ပြောသည်။

ယင်းပြပွဲတွင် မြန်မာနိုင်ငံထွက် အရည်အသွေးကောင်းသည့် ဖရဲ၊ သခွားများ ပါဝင်ပြသမည်ဖြစ်ပြီး အဆိုပါ ပြပွဲကို ဒူ ဘိုင်း၌ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ မြန်မာ့ဖရဲနှင့်သခွားကို တရုတ် နိုင်ငံသို့ အဓိကထားတင်ပို့လျက်ရှိပြီး ဟောင်ကောင်၊ စင်ကာပူ စ သည့်နိုင်ငံတို့သို့လည်း တင်ပို့နေရပြီး ယခုအခါ ဒူဘိုင်းဈေးကွက်သို့ ထပ်မံတိုးမြှင့်နိုင်စေရန် စီစဉ်လုပ်ဆောင်နေခြင်းဖြစ်သည်။ ပြည်တွင်း ဖရဲ၊ သခွားစိုက်ပျိုး ထုတ်လုပ်မှုများအတွက် လက်ရှိတရားမဝင် မျိုးစေ့၊ သွင်းအားစုနှင့် ပိုးသတ်ဆေးများ ဝင်ရောက်လျက်ရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ကုန် စည်များ ဝင်ရောက်လာပါက စိုက်ပျိုးထုတ်လုပ်သူများ အမှားအယွင်းမရှိ စိုက်ပျိုးနိုင်ပြီး ဈေးကွက်၌ အဆင်ပြေ လာစေနိုင်ကြောင်း သိရသည်။

Read 434 times Last modified on Tuesday, 26 September 2017 09:15