SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ထိုင်းနိုင်ငံသို့ အုန်းသီးတင်ပို့မှု အောက်တိုဘာ လဆန်းတွင် ပြန်လည် စတင်မည်

Tuesday, 26 September 2017 08:50 font size decrease font size decrease font size increase font size increase font size

ထိုင်းနိုင်ငံ၌ အုန်းသီးလှိုင်လှိုင်ထွက်သည့် မေလမှ စက်တင်ဘာလကုန်အထိ အခွန်တိုးမြှင့် ကောက်ခံမှုများ ရှိသော ကြောင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အုန်းသီးတင်ပို့မှု ခေတ္တရပ်ထားခဲ့ရာမှ ယခုလကုန်မှစတင်၍ ပြန်လည်တင်ပို့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူ များ အစုအဖွဲ့ အတွင်းရေးမှူး ဒေါ်စန်းစန်းဟန်ထံမှ သိရသည်။

ထိုင်းနိုင်ငံ၌ အုန်းသီးထွက်ရှိသည့် ရာသီတွင် ယင်းနိုင်ငံ၏ ဥပဒေအရ ပြည်ပမှ ဝင်ရောက်လာသော အုန်းသီးများကို အခွန်တိုးမြှင့် ကောက်ခံလေ့ရှိရာ ဝယ်ရင်းဈေးထက် မြင့်သွားသည့်အတွက် တင်ပို့မှု နည်းသွားလေ့ရှိကြောင်း သိရသည်။ ပြည်တွင်းမှ ထွက်ရှိသော အုန်းသီးများကို တရုတ်နိုင်ငံမှ အုန်း ဆီကြမ်း၊ အုန်းဆီအနည်းငယ်သာ ဝယ်ယူလေ့ ရှိကြောင်း၊ ထိုင်းနိုင်ငံသို့ အုန်းသီးအလုံးလိုက် တင်ပို့လေ့ရှိကာ လတ်တလောတွင် တစ်လုံးလျှင် ၁၂ ဘတ်ခန့် ဈေး နှုန်းရှိကြောင်း သိရသည်။

Read 411 times Last modified on Tuesday, 26 September 2017 09:15