SJ WorldNews - шаблон joomla Авто

ယွန်းထည်ပစ္စည်း ပြုလုပ်ရန် ကုန်ကြမ်းဈေးနှုန်း မြင့်တက်နေ၍ အခက်တွေ့နေ

Friday, 10 November 2017 09:47 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  နိုဝင်ဘာ 

လက်ရှိတွင် ပြည်ပမှ ဧည့်သည်ဝင်ရောက်မှု နည်းပါးသဖြင့် ယွန်းထည်ပစ္စည်း ရောင်းချမှု နည်းလာပြီး ယွန်းထည်ပစ္စည်း ပြုလုပ်သည့် ကုန်ကြမ်းဈေးနှုန်းမှာလည်း  မြင့်တက်နေ ခြင်းကြောင့် ယွန်းထည်ပြုလုပ် ရောင်းချသူများ အနေဖြင့်  အခက်အခဲများ တွေ့ကြုံနေ ရကြောင်း သိရသည်။

ယွန်းထည်ပစ္စည်း ပြုလုပ်ရာတွင် ဝါးကို အဓိကထားပြုလုပ်ပြီး  သစ်စေးပင်မှသစ်စေးကို ရယူကာ အဆင့် (၁၆) ဆင့်ခန့်ဖြင့် ပြုလုပ်ရသောကြောင့် ပညာရှင်များစွာနှင့်အတူ ပူးပေါင်းလုပ်ကိုင်ရသော   လုပ်ငန်းတစ်ခုလည်းဖြစ်သည်။

 လက်ရှိတွင်  မြန်မာ့ရိုးရာ ယွန်းထည်ပစ္စည်းများကို   ပြည်ပမှမှာယူမှု နည်းပါးနေကာ ယွန်းထည်ပြုလုပ်ရန်   အဓိက လိုအပ်သည့် သစ်စေးမှာလည်း   ယခင်နှစ်များထက် ဈေးနှုန်းမြင့်တက် လာသောကြောင့် ပြည်တွင်းရှိ ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေ ကြောင်း သိရသည်။                           

''ယွန်းထည်ပစ္စည်းက  ပြည်ပကိုလည်း တင်ပို့ရတယ်။ နိုင်ငံခြားခရီးသွား ဧည့်သည်တွေကသာ  ယွန်းထည်ပစ္စည်းတွေကို ပိုမိုဝယ်ယူကြတာပါ။ အခုက နိုင်ငံခြားခရီးသွား ဧည့်သည် အဝင်နည်းတော့ ရောင်းအားလည်း ကျသွားတယ်။ ပြည်တွင်းက  သိပ်မဝယ်ကြပါဘူး။    ဒါ့ပြင်  ယွန်းထည်ကုန်ကြမ်းကလည်း ဈေးနှုန်းမြင့်တက်နေတယ်။  ယွန်းထည်ပစ္စည်းကောင်း တစ်ခုရဖို့  အချိန်လေးလကနေ ခြောက်လ အထိ ကြာမြင့်တာကြောင့်  ယွန်းထည်ပြုလုပ်တဲ့ သူတွေအတွက်  အခက်အခဲတွေ ရှိလာပါတယ်''ဟု ယွန်းထည်ပစ္စည်း အမျိုးမျိုးကို လက်လီလက်ကား ရောင်းချ နေသည့် မထူးထူးမွန် ကပြောသည်။  

Read 6 times Last modified on Friday, 10 November 2017 09:48