SJ WorldNews - шаблон joomla Авто

ပြည်တွင်း စက်သုံးဆီ တစ်ဂါလန်လျှင် ငွေကျပ် ၁ဝဝဝ ခန့်မြင့်တက်လာ

Tuesday, 14 November 2017 12:18 font size decrease font size decrease font size increase font size increase font size

ရန်ကုန် နိုဝင်ဘာ ၁၃

ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ ထပ်မံမြင့်တက်လျက်‌ရှိပြီး ယခင်နှစ် နိုဝင်ဘာလ‌ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်‌ပါက   တစ်ဂါလန်လျှင် ငွေကျပ် ၁ဝဝဝ ခန့်မြင့်တက်လာ‌ကြောင်း   စက်‌သုံးဆီ အ‌ရောင်းဆိုင်‌များမှ သိရသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ယခုနှစ်   ဇွန်လမှစ၍   တစ်ကျော့ပြန်မြင့်တက် လာပြီး  လက်ရှိ  နိုဝင်ဘာ ၁၂ ရက်အထိ ဖြစ်ပေါ်နေသောဈေးနှုန်းသည်   လေးနှစ် အတွင်း အမြင့်ဆုံးဖြစ်ကာ အောက်တိန်း ၉၂ တစ်လီတာလျှင် ငွေကျပ် ၇၇ဝ ဖြစ်ပြီး အောက်တိန်း ၉၅ တစ်လီတာလျှင် ငွေကျပ် ၈၁၅ ကျပ်အထိ မြင့်တက်လာ‌ကြောင်း သိရ သည်။

''အမေရိကန်က ရေနံထုတ်ရောင်းမှုတွေ လျှော့ချလိုက်လို့   ကမ္ဘာ့ရေနံစိမ်းဈေးတွေ မြင့်တက်လာတာကြောင့်လို့လည်း သုံးသပ်နေကြတယ်။ စက်သုံးဆီက ကမ္ဘာ့ဈေးကို မှီနေရတာဖြစ်တဲ့အတွက်ကမ္ဘာ့ဈေး အပြောင်း အလဲဖြစ် ရင်    စက်သုံးဆီဈေး တက်လေ့ရှိပါတယ်''  ဟု MAX စက်သုံး ဆီအရောင်းဆိုင်ခွဲ မန်နေဂျာတစ်ဦးကပြောသည်။

ကမ္ဘာ့ရေနံစိမ်းဈေးသည်   ယခင်နှစ် နိုဝင်ဘာလက တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၅ဝ ခန့်သာရှိသော်လည်း ယခုနှစ် နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ ၅၇ ဒေါ်လာအထိ ရှိနေ‌ကြောင်း သိရသည်။

၂ဝ၁၃  ခုနှစ်အတွင်းက  စက်သုံးဆီ တစ်လီတာလျှင် ငွေကျပ် ၁ဝဝဝ ကျော်အထိ ရှိခဲ့ပြီး ၂ဝ၁၆ ခုနှစ်‌တွင် တစ်လီတာလျှင် ငွေကျပ် ၅ဝဝ ကျော်သာရှိခဲ့ရာမှ ယခုကဲ့သို့  မြင့်တက်လာခြင်း ဖြစ်‌‌ကြောင်း သိရသည်။

Read 8 times Last modified on Tuesday, 14 November 2017 12:20