SJ WorldNews - шаблон joomla Авто

မိုးစပါးပေါ်ချိန် စပါးဈေး မြင့်တက်သောကြောင့် တောင်သူများ အဆင်ပြေ

Tuesday, 14 November 2017 12:35 font size decrease font size decrease font size increase font size increase font size

ပုသိမ် နိုဝင်ဘာ ၁၃

ယခုနှစ် မိုးစပါးရိတ်သိမ်းချိန်တွင် စပါးဈေး မြင့်တက်လျက်ရှိသောကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း စပါးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ အဓိက စိုက်ပျိုးလျက်ရှိသော ပေါ်ဆန်း၊ ပခန်းရွှေဝါ၊ ဆင်းသွယ်လတ်၊ မနောသုခအစရှိသော စပါးများပေါ်ချိန် နိုဝင်ဘာ ဒုတိယပတ်မှစ၍ စပါးဈေးမှာ ယခင်နှစ်ထက် သိသိ သာသာမြင့်တက်လျက် ရှိပြီး ပေါ်ဆန်းစပါး(အသစ်)တင်း ၁ဝဝ လျှင် ငွေကျပ် ၇၅ဝဝဝဝ မှ စပါးအရည်အသွေးပေါ် မူတည်၍  ငွေကျပ်  ၈ဝဝဝဝဝအထိ လည်းကောင်း၊ ပခန်းရွှေဝါ၊  ဆင်းသွယ်လတ်၊ မနောသုခ အစရှိသောစပါးများမှာ  ငွေကျပ် လေးသိန်းခွဲမှ ငါးသိန်းအထိ လည်းကောင်း ဈေးနှုန်းအသီးသီး ရှိပြီး စပါးဈေးမှာ မြင့်တက်လျက် ရှိကြောင်း စပါးရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဦးကျော်မိုးထံမှ  သိရသည်။

ယခင်နှစ်ကာလတူ ပေါ်ဆန်းစပါး(အသစ်) တင်း ၁ဝဝ လျှင် ငွေကျပ် ၆၅ဝဝဝဝမှ ငွေကျပ် ၇ဝဝဝဝဝ၊ ပခန်းရွှေဝါ၊ ဆင်းသွယ်လတ်၊  မနောသုခ(အသစ်)တင်း ၁ဝဝ လျှင် ငွေကျပ် ၃၈ဝဝဝဝ  မှ  စပါးအရည်အသွေးပေါ် မူတည်၍ ငွေကျပ် ၄ဝဝဝဝဝ အထိသာရှိကြောင်း  သိရသည်။

စပါးဈေးမှာ စပါးလှိုင်လှိုင်ပေါ်ချိန် ဒီဇင်ဘာလကုန်ပိုင်းတွင် အနည်းငယ် ကျဆင်း သွားနိုင်သော်လည်း ယခင်နှစ်ဈေးထက် များစွာ မြင့်တက်နေပြီဖြစ်ကြောင်း ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူ ပွဲစားများနှင့် ဆန်စပါး အရောင်းအဝယ်ဒိုင်များထံမှ သိရသည်။ 

Read 6 times Last modified on Tuesday, 14 November 2017 12:36