SJ WorldNews - шаблон joomla Авто

မိုးရွာသွန်းမှု များခြင်းကြောင့် ကွမ်းစိုက်ခင်းများ ပျက်စီးကာ ဈေးနှုန်းများမြင့်တက်

Tuesday, 14 November 2017 12:50 font size decrease font size decrease font size increase font size increase font size

ဟင်္သာတ   နိုဝင်ဘာ   ၁၃

ဧရာဝတီတိုင်း ဒေသကြီး၌ ယခုလအတွင်း မိုးရွာသွန်းမှု များပြားသည့်အတွက်    ကွမ်းစိုက်ခင်းများ အပျက်အစီး များနေသဖြင့် ကွမ်းဈေးနှုန်း မြင့်တက်နေကြောင်း ဟင်္သာတမြို့နယ် စစ်ကုန်းကျေးရွာနေ ကွမ်းစိုက်ပျိုးသူ ဦးအောင်ကြည်ထံမှ သိရသည်။

''မိုးတော်တော်များတော့ ကွမ်းပင်တွေ သေတာများတယ်။  ခါးပုပ်တယ်။  အမြစ်ပုပ်တယ်။ ကွမ်းဈေးကောင်းတော့ ကွမ်းခြံထဲ ညဘက်ဝင်ခိုးတဲ့ ကွမ်းခိုးသူတွေလည်း ရှိတယ်'' ဟု ဦးအောင်ကြည်ကပြောသည်။

ထို့ပြင်  ရွာသွန်းသည့်မိုးမှာ  အက်စစ်ဓာတ်ပါပြီး အချဉ်များသည့်အတွက် ကွမ်းပင်များ  ခံနိုင်ရည်မရှိဘဲ   သုံးပုံတစ်ပုံသာ ဖြစ်ထွန်းသောကြောင့် ကွမ်းစိုက်တောင်သူများ အနေဖြင့် ဈေးနှုန်းမြင့်တက်နေသော်လည်း ကွမ်း ပိဿာချိန်များစွာ   မရောင်းချနိုင်ကြောင်း၊ ကျေးရွာများသို့ လာရောက်ဝယ်ယူသည့် ပွဲစားများ၏ ကွမ်းဈေးနှုန်းမှာ ယခင်က တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝ ရှိရာမှ  ယခု  ငွေကျပ်  ၅၂ဝဝ  မှ  ၅၃ဝဝ အထိ ဈေးနှုန်းရှိကြောင်း သိရသည်။

ကွမ်းခြံများပျက်စီးသည့်အတွက် ရန်ကုန်မြို့၌ ကွမ်းဈေးမှာ တစ်ပိဿာလျှင် ယခင်က ငွေကျပ် ၄ဝဝဝ မှ ၅ဝဝဝ အထိ ဈေးနှုန်းရှိရာမှ ယခုတွင် ငွေကျပ် ၆ဝဝဝ မှ  ၁၁ဝဝဝ အထိ  ဈေးနှုန်းမြင့်တက်လာကြောင်း  သိရသည်။

''မိုးများပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းမှာ မိုးလွန်ထားတဲ့အတွက် ကွမ်းခြံသုံးခြံလောက် ရှိရင် နှစ်ခြံလောက်က သေသွားတယ်'' ဟု သီရိမင်္ဂလာဈေးရှိ ဦးမောင်မောင်+ ဒေါ်ခင်ဌေးကြည်  ကွမ်းရောင်းဝယ်ရေးမှ ကိုဘိုဘို ကပြောသည်။

ယခုရာသီသည်  ကွမ်းရှားသည့်ရာသီ မဟုတ်သော်လည်း    မိုးရွာသွန်းမှုများသည့်အတွက်   ကွမ်းကိုအတက်ဈေးဖြင့် ဝယ်ယူနေရပြီး လာမည့်လသည်  ကွမ်းရှားမည့် ရာသီဖြစ်လာမည်ဖြစ်ကြောင်း   သိရသည်။

Read 6 times Last modified on Tuesday, 14 November 2017 12:51