SJ WorldNews - шаблон joomla Авто
ကေတု

ကေတု

ရန်ကုန် စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး အတွင်း တစ်ပိုင်တစ်နိုင် မော်တော်ယာဉ် အရောင်းအဝယ် ပြုလုပ်သူများအတွက် တစ်နေရာတည်း၌ ယာဉ်ရောင်းချနိုင်သော နေရာ ပြုလုပ်ပေးရန် လွှတ်တော် ကိုယ်စားလှယ်များထံ တောင်းဆိုထားကြောင်း မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်း (ရန်ကုန်) ဗဟိုမှ သိရသည်။

ဘုတ်ပြင်း  စက်တင်ဘာ ၁၁

တနင်္သာရီတိုင်း ဒေသကြီး  ဘုတ်ပြင်းမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူများသည် အိုင်အိုဒင်း ပြည့်ဝသည့် ဆားရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို  ဘုတ်ပြင်းမြို့မဈေး အတွင်းရှိ ဈေးဆိုင်များ၌  စက်တင်ဘာ ပထမပတ်က   ဆောင်ရွက်ကြောင်း   သိရသည်။

ဗန်းမော်  စက်တင်ဘာ   ၁၁

ကချင်ပြည်နယ်   ဗန်းမော်မြို့  အရှေ့သာစည် ရပ်ကွက် ဗန်းမော်-မိုးမောက်သွား ကားလမ်းမပေါ်၌ ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်တွင်   မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့်  ကားလမ်းပေါ်၌ ရပ်တန့်ထားသော ယာဉ်တစ်စီးပေါ်သို့   စိန်ပန်းပင် လဲပြိုကျကြောင်း သိရသည်။

လားရှိုး စက်တင်ဘာ ၁၁

မိုးကာလအလုပ်အကိုင်   ရှားပါးမှုနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှု နည်းပါးခြင်းတို့ကြောင့်   ခရီးသည်များ ရှားပါးသဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မန်ဆူကားဝင်းမှ ပြေးဆွဲနေသော ခရီးသည်တင်  ယာဉ်ငယ်များ ပုံမှန်ပြေးဆွဲနိုင်ခြင်း မရှိကြောင်း မန်ဆူကားဝင်း   ဂိတ်မှူးတစ်ဦးထံမှ သိရသည်။

အင်္ဂပူ    စက်တင်ဘာ ၁၁

ဧရာဝတီမြစ်ရေ ကြီးမြင့်မှုကြောင့် ကမ်းပြိုခြင်းခံရသော ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများ ပြန်လည် ဆောက်လုပ်ရန်အတွက် အလှူငွေပေးအပ် လှူဒါန်းပွဲကို ဧရာဝတီတိုင်း ဒေသကြီး အင်္ဂပူမြို့နယ် အမှတ်(၁)ရပ်ကွက် ငဝန်ဧရာလမ်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပသည်။

ရန်ကုန် စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် အတွင်းရှိ တွံတေးတူးမြောင်း ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန် ကာကွယ်ခြင်းနှင့် ကမ်းပါးထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ရန်ကုန် စက်တင်ဘာ ၁၁

ရန်ကုန်မြို့၏ အဆင့်မြင့်အိမ်ရာ စီမံကိန်းတစ်ခုဖြစ်သည့် Golden City မှ ကလေးငယ်များ မိမိအမြင်ကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်မှု၊ တီထွင်ဖန်တီးနိုင်မှုနှင့် ကွဲပြားခြားနားမှု စွမ်းရည်တို့ကို အားပေးသည့် အနေဖြင့် Golden City in your eyes ကလေးပန်းချီပြိုင်ပွဲကို ကျင်းပခဲ့ရာ ဆုရရှိသူ ခြောက်ဦးကို စိစစ်ရွေးချယ်ကာ ထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန် စက်တင်ဘာ ၁၁

YBS ယာဉ်လိုင်းအားလုံး ကိုယ်ရကိုယ်ယူစနစ်ကို ဖျက်သိမ်းကာ ဝေပုံကျ ခွဲယူသော ရှယ်ယာစနစ်သို့ ပြောင်းလဲဆောင်ရွက်ရမည့် ရက်ကို မကြာမီကြေညာမည် ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ထံမှ သိရသည်။

ရန်ကုန် စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(မြောက်ပိုင်း) မြို့နယ်ရှိ မကြာသေးမီက ကျိုးပေါက်ခဲ့ဖူးသည့် ငမိုးရိပ်ချောင်း အမှတ် (၆) ရေထိန်းတံခါး ရေရှည် တည်တံ့စေရန် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဒဂုံ(မြောက်ပိုင်း) မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်ထံ မှ သိရသည်။

ရန်ကုန် စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီးတွင် အလုပ်သမားများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် စာချုပ်ချုပ်ဆိုထားသော ပုဂ္ဂလိက ဆေးခန်းသုံးခုနှင့် စာချုပ်ချုပ်ဆိုရန် အဆိုပြုထားသော ပုဂ္ဂလိကဆေးခန်း ခုနစ်ခုအထိရှိကြောင်း လူမှုဖူလုံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုထံမှ သိရသည်။

Page 1506 of 1585