SJ WorldNews - шаблон joomla Авто

မော်လမြိုင်ကျွန်း သြဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်း မြို့နယ်တွင် ဒေသစားခရုများကို စားသုံးသူ များလာခြင်းကြောင့်    တစ်ပိုင်တစ်နိုင် ခရုကောက်သူများ အဆင်ပြေကြောင်း  သိရသည်။          

မြန်မာနိုင်ငံ၌   ၂ဝ၁၄  ခုနှစ်မှ  စတင် စိုက်ပျိုးခဲ့သည့်  ကြယ်ပဲသီးနှံကို  ဂျပန်နိုင်ငံမှ      လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့် ညီညွတ်သည့်   သီးနှံဖြစ်ကြောင်း     တွေ့ရှိရသည့်အတွက်  ကြယ်ပဲဆီအဖြစ် ထုတ်လုပ်ကာ  ပြည်ပသို့ တင်ပို့နိုင်ရန် စီစဉ်နေပြီဖြစ်သည်။

ဖလမ်း သြဂုတ် ၁၅

ချင်းရိုးရာအဆင် ဂျပ်ခုတ်အထည်များကို မျိုးနွယ်စုအလိုက် ဝတ်ဆင်ကြရာ ချင်းပြည်နယ်(မြောက်ပိုင်း) ဟားခါး၊ ဖလမ်း၊ တီးတိန်(ဇိုမီး) ဝတ်စုံများမှာ ဝတ်ဆင်သူ များလာသဖြင့် ပြည်တွင်းပြည်ပမှ မှာယူသူများလာမှုကြောင့် ဂျပ်ခုတ်ထည်ရက်လုပ်သူများ တစ်နှစ်ပတ်လုံး ရက်လုပ်ပေးနေရကြောင်း သိရသည်။

မုံရွာ  သြဂုတ်  ၁၄

သနပ်ခါးပင်ဈေးကွက် ကောင်းသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် သနပ်ခါး စိုက်ပျိုးသူများ ပြားလာကြောင်း တောင်သူများထံမှ သိရသည်။

မြန်မာနိုင်ငံသည် သဘာဝအလျောက် ပေါက်ရောက်သော ဝါးတောများရှိသည့် နည်းတူ ယင်းဝါးများကို အသုံးပြု၍ လူတို့နေထိုင်ရာ အိမ်များနှင့် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်မှု သည်လည်း ရှေးယခင်ကပင် ရှိခဲ့သည်။ ယခုအခါ ဝါးဖြင့်ပြုလုပ်သည့် လူသုံးကုန် ပစ္စည်းများသည် ပြည်တွင်းဈေးကွက် ရရှိရုံသာမက ပြည်ပနိုင်ငံများ ကပါ ကြိုက်နှစ်သက်မှု ရှိသဖြင့် တင်ပို့နေရသည့် အခြေအနေ တစ်ရပ်အထိ ဈေးကွက်ရရှိလာပြီ ဖြစ်သည်။

မော်လမြိုင်ကျွန်း  သြဂုတ်  ၁ဝ

ဧရာဝတီ တိုင်းဒေသကြီး မော်လမြိုင် ကျွန်းမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ကွမ်းခြံများပျက်စီးသဖြင့် သြဂုတ်လဆန်းတွင် ကွမ်းရွက် တစ်ပိဿာလျှင် ငွေကျပ် ၁၁ဝဝဝ ဈေးအထိ မြင့်တက်လျက်ရှိရာ ၂ဝ၁၇  နှစ်အတွင်း အမြင့်ဆုံးကွမ်းဈေး ဖြစ်ေ ကြာင်း ကွမ်းဒိုင်များထံမှ သိရသည်။

Page 18 of 19