SJ WorldNews - шаблон joomla Авто

မန္တလေး  အောက်တိုဘာ  ၂၉

ယခုနှစ်   သရက်သီး အထွက်နှုန်းမှာ ယခင်နှစ်ကထက် ကျဆင်းကာ  ဈေးနှုန်း မြင့်တက်လာနိုင်သဖြင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ သရက်ခြံများကို တရုတ်ကုန်သည်များက ခြံပြတ်လိုက်လံ ဝယ်ယူလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၌ ဝယ်ယူမှုမြင့်တက်လျက်ရှိကြောင်း မြန်မာ့သရက်ဈေးကွက်နှင့်  နည်းပညာဖွံ့ဖြိုးရေးအသင်း    အတွင်းရေးမှူး ဦးကျော်စိုးနိုင်ထံမှ သိရသည်။

ရန်ကုန်  အောက်တိုဘာ  ၂၉

ကော်ဖီစိုက်ပျိုးရာ ဒေသများ၌  ယခုနှစ် တွင်   ရာသီဥတု ကောင်းမွန်သည့်အတွက်  ကော်ဖီအထွက်နှုန်း ကောင်းမွန်နိုင်မည်ဟု  ခန့်မှန်းထားကြောင်း   မြန်မာနိုင်ငံကော်ဖီ အသင်းဥက္ကဋ္ဌ ဦးရဲမြင့်ထံမှ သိရသည်။

မြစ်ကြီးနား  အောက်တိုဘာ ၂၅

ကချင်ပြည်နယ်အတွင်း ရော်ဘာစိုက်ဧက ၈ဝ၄၁၁ ဧကရှိပြီး အစေးခြစ်ဧက ၂ဝဝဝ ကျော်သာရှိကြောင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မြဝတီ အောက်တိုဘာ ၂၄ 

ကရင်ပြည်နယ် မြဝတီမြို့ရှိ  မော်တော်ဆိုင်ကယ် အသစ်ဈေးကွက်မှာ ဒေါ်လာဈေးနှင့်အပြိုင် မြင့်တက်လာသော ထိုင်းဘတ်ငွေဈေးကြောင့် ယခင်လများထက် ဆိုင်ကယ်ဈေးနှုန်းများ မြင့်တက်လာကြောင်း မြဝတီမြို့ရှိ ဆိုင်ကယ်အရောင်းဆိုင်များထံမှ သိရသည်။

မန္တလေး  အောက်တိုဘာ ၂၃

မြန်မာမှုလက်ရာများတွင် နိုင်ငံခြားသားများ နှစ်သက်သောပစ္စည်းမှာ ရွှေချည်ထိုး ပန်းချီကားများပင်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရွှေချည်ထိုးလက်မှု လုပ်ငန်းလုပ်ကိုင်သူများ ဈေးကွက်ကောင်းမွန် လာသော်လည်း လုပ်အားခ တိုးမြှင့်ရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

 မကွေး  အောက်တိုဘာ ၂၃

မကွေးတိုင်းဒေသကြီး အတွင်းရှိ တောင်သူများ    အဓိကအားထား စိုက်ပျိုးကြသော မြေပဲခင်းများမှာ ကြွက်ဖျက်ဆီးမှုကြောင့် အထွက်နှုန်းထက်ဝက် လျော့ကျနိုင်ကြောင်း တောင်သူကြီးများထံမှ သိရသည်။

Page 4 of 19