SJ WorldNews - шаблон joomla Авто

ရန်ကုန် အောက်တိုဘာ ၂၂

နေကြာဆီဖြင့်ကြော်ထားသည့် ဆီကြေးနံ့မနံသော ကြယ်ပဲကြော် ဈေးကွက်သစ်  ခိုင်မာစေရန်   ဆောင်ရွက်လျက်ရှိကြောင်း  မန္တလေးတိုင်းဒေသကြီး  ကြယ်ပဲစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ   အစုအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးနိုင်ထံမှ သိရသည်။

ပင်းတယ  အောက်တိုဘာ   ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့နယ် တောင် တန်းကျေးရွာမှ အဓိကစိုက်ပျိုးသော ဒေသထွက် ဆောင်းရာသီ၏ နှင်းတက်လက်ဖက် ရွက်နုများကို အောက်တိုဘာ လဆန်းပိုင်းက စတင်ခူးဆွတ်နေပြီဖြစ်ကြောင်း သိရသည်။

မော်လမြိုင် အောက်တိုဘာ ၁၉

ပြည်တွင်း၌ ရော်ဘာကုန်ချော ထုတ်လုပ်နိုင်ရန် အစိုးရ၏  ပံ့ပိုးကူညီမှု လိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ  ရော်ဘာထုတ်လုပ်  တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်ထံမှ သိရသည်။

ဂန့်ဂေါ  အောက်တိုဘာ  ၁၉

ပြီးခဲ့သည့် စက်တင်ဘာလဝက်မှ စတင်၍ ဂန့်ဂေါမြို့နယ်၌   မိုးများအဆက်မပြတ် ရွာသွန်းခဲ့ရာ အဆိုပါမိုးရေဖြင့် စောစီးစွာ စိုက်ပျိုးခဲ့သော  ဆောင်းမြေပဲခင်းများမှာ ယခုအခါ   အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

တောင်ကြီး  အောက်တိုဘာ  ၁၉

ရှမ်းပြည်နယ်  (တောင်ပိုင်း)တောင်ကြီးမြို့၌ နှစ်စဉ်စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသော  တန်ဆောင်တိုင်ပွဲတော်တွင် မြန်မာပြည်အနှံ့မှ ကုမ္ပဏီများ၊ ဈေးအရောင်းဆိုင်များ၊ ၁၂ ပွဲဈေးသည်များဖြင့် စည်ကားလျက်ရှိရာ ယမန်နေ့မှစတင်၍ ဆိုင်ခန်းများ တည်ဆောက်ခြင်း၊ သက်ဆိုင်ရာ ဌာနများမှ ပွဲကွင်းအတွင်း မြေညှိခြင်း၊  လမ်းခင်းခြင်း၊ ဆေးရောင်သုတ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မန္တလေးမြို့တွင်  ပုံမှန်ဝင်ငွေ ဖော်ဆောင်ပေးနေသည့် မြန်မာ့ရိုးရာ လက်မှုလုပ်ငန်း များစွာရှိသည်။ အရင်းအနှီးနည်းနည်းဖြင့်  နေ့စဉ် မိသားစုလိုက် ဝင်ငွေရရှိသော လုပ်ငန်းများထဲတွင်

Page 5 of 19