SJ WorldNews - шаблон joomla Авто

မုံရွာ  စက်တင်ဘာ  ၂၅

ယခုနှစ်မတ်လအတွင်းမှ စတင်ပြီး သိုးအကောင် ဈေးနှုန်းများ စံချိန်တင် ကျဆင်းလျက်ရှိရာမှ စက်တင်ဘာလလယ်တွင် ဈေးနှုန်း ပြန်လည်မြင့်တက်လာပြီဖြစ်သော်လည်း ရောင်းချမည့်သူ နည်းပါးနေကြောင်း မုံရွာမြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာများမှ သိုးမွေးမြူရေး သမားများထံမှ သိရသည်။

မော်လမြိုင်  စက်တင်ဘာ  ၂၅

မွန်ပြည်နယ်အတွင်း  ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ် ငါးလုပ်ငန်း ရာသီအတွက် အထူးတင်ဒါ ငါးဖမ်းပိုက်ချက် ၁ဝ၈ ချက်ကို ရောင်းချခဲ့ရာ တင်ဒါပိုက်ချက် ၈၉ ချက်သာ  ရောင်းချခဲ့ရသဖြင့် စုစုပေါင်းငွေကျပ် ၆၄၉၄ သိန်းကျော်သာ ရရှိခဲ့ကြောင်း  မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ထိုင်းနိုင်ငံ၌ အုန်းသီးလှိုင်လှိုင်ထွက်သည့် မေလမှ စက်တင်ဘာလကုန်အထိ အခွန်တိုးမြှင့် ကောက်ခံမှုများ ရှိသော ကြောင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အုန်းသီးတင်ပို့မှု ခေတ္တရပ်ထားခဲ့ရာမှ ယခုလကုန်မှစတင်၍ ပြန်လည်တင်ပို့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူ များ အစုအဖွဲ့ အတွင်းရေးမှူး ဒေါ်စန်းစန်းဟန်ထံမှ သိရသည်။

မြန်မာ့ဖရဲနှင့် သခွားမွှေးကို ဒူဘိုင်းသို့ ပထမဆုံးအကြိမ် သွားရောက်ပြသ၍ ဈေးကွက်ရှာဖွေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းထံမှ သိရသည်။

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၌ ယခုနှစ် ဖာလာရိတ်သိမ်းချိန်တွင် ယမန်နှစ်ကထက် ဖာလာသီး အထွက်နှုန်း များပြားသော်လည်း ဖာလာပင်များကို ကြွက်များဖျက်ဆီးသည့်အတွက် လက်ရှိတွင် အထွက်နှုန်း အရေအတွက် ခန့် မှန်းရန် ခက်ခဲနေကြောင်း မြန်မာ့ချဉ်ပေါင်ဖာလာ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့အကြံပေး ဦး စောလောလမင်းထံမှ သိရသည်။

ရန်ကုန် စက်တင်ဘာ ၂ဝ

ပွင့်လင်း ရာသီရောက်ရှိလာ၍ ရိုးရာအိတ်များနှင့် လွယ်အိတ်များရောင်းအား တက်လာကြောင်း ရန်ကုန်မြို့ မင်္ဂလာဈေးအနီးရှိမေတ္တာမွန် အိတ် အရောင်းဆိုင်မှ မမျိုးကပြောသည်။ယင်းဆိုင်၌

Page 10 of 19