SJ WorldNews - шаблон joomla Авто
ကေတု

ကေတု

ရန်ကုန်   သြဂုတ်  ၂၁

တောင်ကိုရီးယားနိုင်ငံမှ  တိုင်းရင်းဆေးဆရာဝန်  ပါမောက္ခကိုးဦးတို့ ဦးစီးသည့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ရန်ကုန်တိုင်းရင်း ဆေးရုံကြီး၌ အထွေထွေရောဂါ၊  မီးယပ်ရောဂါ၊ အရေပြားရောဂါနှင့် အကြောရောဂါ တို့ကို သြဂုတ်  ၂၂ ရက်မှ ၂၄ ရက်အထိ နေ့စဉ်နံနက်  ၉ နာရီမှ ညနေ ၅ နာရီ အတွင်း  အခမဲ့ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

 ရန်ကုန် သြဂုတ် ၂၁

မြန်မာ-တောင်ကိုရီးယား ချစ်ကြည်ရေး ရန်ကုန်- ဒလမြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်း စတင်မည်ဖြစ်ရာ တံတား တည်ဆောက်မည့် စီမံကိန်း ဧရိယာအတွင်း ရှိ    အဆောက်အအုံများကို   အောက်တိုဘာ ၅ ရက်မှ နိုဝင်ဘာ ၅ ရက်အတွင်း  ဖယ်ရှားရမည်ဖြစ်ကြောင်း ဒလမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ရန်ကုန် သြဂုတ် ၂၁

ဗိုလ်တထောင်စေတီ ဝင်ထွက်ပေါက်အနီးနှင့် စမ်းချောင်းမြို့နယ် ပြည်လမ်းရှိ မဟာမြိုင်မှတ်တိုင်အနီး၌   လူကူးခုံးကျော် တံတားသစ်နှစ်စင်းကို    ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်မည်ဖြစ်ကြောင်း   ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီ  အင်ဂျင်နီယာဌာန (လမ်း၊ တံတား)မှ  သိရသည်။

လောကလူသားတို့သည် အလှူဒါနပြုခြင်း၊ အကျင့်သီလစောင့်ထိန်းခြင်း၊ အတတ်ပညာ တတ်မြောက်ခြင်း၊ သူရသတ္တိရှိခြင်း၊ ဥစ္စာဓနပြည့်စုံခြင်း၊ ကျန်းမာခြင်းတို့နှင့်ပြည့်စုံလျှင် စိတ်နှလုံးချမ်းမြေ့ကြ ရသည်။

နေပြည်တော်  သြဂုတ်  ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ    အာခါတိုင်းရင်းသားများ၏ သတ္တမ အကြိမ်မြောက် အာခါရိုးရာ မိရိုးဖလာစုပေါင်း ဒန်းစီးပွဲတော်ကို သြဂုတ် ၂ဝ ရက် နံနက်ပိုင်းတွင် မိုင်းဆတ်မြို့နယ်၊     မိုင်းတွမ်းတောင်ပေါ်အုပ်စုရှိ အူးဖူးဒေကျေးရွာ၌ ပြုလုပ်သည်။

နေပြည်တော်  သြဂုတ်  ၂၁

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်

နေပြည်တော် သြဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဇီးဖြူပင်ကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား သြဂုတ် ၁၉ ရက်တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

နေပြည်တော် သြဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေတံခါးအပိုင်း(၂) ရပ်ကွက်ရှိ လေသာတောရ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် အဆိုပါရပ်ကွက်ရှိ ဒေသခံပြည်သူများအား သြဂုတ် ၁၉ ရက်တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

Page 1366 of 1407