SJ WorldNews - шаблон joomla Авто

နှလုံးလှပါမှ အသုံး ကျလာမယ်

Friday, 19 April 2019 14:14 Written by  font size decrease font size decrease font size increase font size increase font size

လောက လူသားအများက တစ်ခုခုအခက်အခဲ သို့မဟုတ် အပြစ်ဖြစ်လာရင်အများအားဖြင့် မိမိကိုယ်ကို ပြန်မကြည့် ပြန်မ လေ့လာပြန်ပြီး မစစ် ဆေးတတ်ကြဘဲ ဟိုလူ့ကြောင့် ဒီလူ့ကြောင့်ဆိုကာ အခြားသူများကိုသာ လက်ညှိုးထိုး အပြစ်ပြောလေ့ ရှိကြသလို မိမိရဲ့အမှားကြောင့် တစ်ခုခုဖြစ်သွားရင်လည်း ဟိုလူ့ကို အပြစ်မြင်အောင် သည်လူ့ကိုအပြစ်

တင်အောင် ပြောလေ့ရေးလေ့ရှိကြတာ အားလုံး လည်း ကြားဖူးကြုံဖူးကြမှာဖြစ်ပါတယ်။ တကယ်တော့ ရလာသည့် ဒီလူ့ ဘဝကို တန်ဖိုးရှိရှိနှင့် အသုံး  ကျစေဖို့မိမိကိုယ်ကိုဆုံးမနေရမယ်။ အဆုံးအမဆို တာကလည်း လူတွေကို နှလုံးလှ စေတာဖြစ်ပြီး လူဆိုတာကလည်း နှလုံးလှပါမှလည်း အသုံးကျလာလိမ့်မယ်လို့ ပညာရှင်များကဆိုထားကြပါတယ်။                                                

ဒီနေရာမှာ လူတွေရဲ့စိတ်ဓာတ်ကအရေးအကြီး ဆုံးဖြစ်နေပြန်တယ်။ စိတ်ကအရာရာကို ဦးဆောင် ထားတာမဟုတ်ပါ လား။ စိတ်ဓာတ်မလှရင် ရုပ်မလှဘူး။   စိတ်ကြည်တဲ့သူဟာရုပ်ကြည်တယ်။ ပင်ကို ရုပ်အဆင်းက မျက်လုံးမျက်ခုံးကအစ ဘယ်လောက် ပဲလှနေပါစေ  စိတ်အဆင်းမလှရင် ရုပ်အဆင်းပါ ကျပြီး မလှမပဖြစ်တတ်တာပါ။   ဒီလို ရုပ်အဆင်း ကျပြီး မလှမပ မဖြစ်စေချင်ရင် မိမိရဲ့စိတ်အစဉ်ကို ပြုပြင်ရဖို့လိုပါသတဲ့။ ဟုတ်တယ် စိတ်အလှဆိုတာ မိတ်ကပ်တွေ ပါးနီတွေ ဆိုးပြီးပြုပြင်လို့ ရစကောင်း တာမှမဟုတ်တာ။ ဒီတော့ စိတ်နှလုံးကို လှပစေဖို့ ဘယ်လိုပြုပြင်ရမလဲ။ 'မေတ္တာသဋ္ဌော အနန္တော'-  လို့    မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့အတိုင်း လောကလူသားများအနေနဲ့ မေတ္တာထားတတ်ကြဖို့ အထူး အရေးကြီး ပါတယ်။ မေတ္တာရဲ့သဘောက အေးငြိမ်းစေတယ်။ သတ္တဝါအများကိုပို့သပေးရသလို မိမိကိုယ်ကိုအရင်ဆုံး အအေးဓာတ်အငြိမ်း ဓာတ်ကိုခံစားရတယ်။ ကိုယ်အေးတော့ သူလည်းအေးတာပေါ့။ မေတ္တာသမားဆိုတာ အကြွားအဝါ

မာန်မာန မရှိဘူး။

မိမိကဘယ်လိုတော်တာ   မိမိသည်ဘာဘာ ညာညာ စသည်ကိုလည်း   ထုတ်ဖော်ကြွားဝါခြင်း ပြုနေပြီဆိုရင်တော့     မေတ္တာနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ အပူဓာတ်တွေလောဘဒေါသ မောဟတွေက သူ့ကိုလွှမ်းနေပြီလေ။  ပညာရှိပေမယ့် ရင်မှာ သတိမရှိတော့    ပညာတတ်လည်း ထင်ရာ မှတ်ထင်ရာပြောပေါ့။  လူ့အဆင့်အတန်းဆိုသည် မှာလည်း ဘွဲ့ဒီ ဂရီတွေ၊  ရာထူးတွေနဲ့ တိုင်းတာ လို့မရဘဲ အကျင့်သိက္ခာစိတ်စေတနာနဲ့သာတိုင်း လို့ရမှာဖြစ်တယ်လို့ ဆရာတော် အရှင် ဝိစိတ္တက  ဆုံးမညွှန်ပြတော်မူထားတာ မှတ်သားရပါတယ်။  တကယ်တော့လည်းဘယ်သူသိသိမသိသိ ကိုယ့်အကြောင်း ကို ကိုယ်သာလျှင် အသိဆုံးဖြစ်မှာပါ။

သူများကိုပြောပြတဲ့ ကိုယ့်အကြောင်းကလည်း အကောင်းချည်းဖြစ်မှာက သဘာဝပါ။  တကယ်အလုပ်လုပ်တဲ့သူဟာ အပြော နည်းတယ်။ အလုပ်နည်းပြီး အပြောများရင် အမှားတွေကများလာ တတ်ပါသတဲ့။

အဲဒီလို မိမိကိုယ်ကို သူများသိအောင်ပြောပြနေရတာကိုက  အလုပ်နည်းနေသေးလို့ဆိုတာ  ပေါ်လွင်နေတာပါ။   အလုပ် ကောင်းတွေ အများကြီး လုပ်နိုင်သူကို ပြောပြနေစရာမလိုဘဲ လူတွေက အလိုလိုသိလာကြမှာဖြစ်တယ်။ဒါကြောင့် လည်း  

စကားနည်းစေ အလုပ်မြဲစေ တရားမြဲစေ အမှားနည်းစေလို့   ဆရာတော်က သတိပေးဆုံးမတော်မူထားပါတယ်။                                                                                                                                        

လောကလူသားတွေအနေနဲ့ ရုပ်အဆင်းကြည်လင်ပြီး မိမိစိတ်ကိုဖြူစင် ငြိမ်းချမ်းစေရန် ပြုပြင်ဖို့အတွက် မေတ္တာစေတနာ အပြင်

(၁) ပြုခဲ့ဖြစ်ခဲ့ပြီးတဲ့ မကောင်းမှုဒုစရိုက်များကိုပြန်ပြီး မတွေးတော မစိုးရိမ်မိခြင်း၊

(၂) မဖြစ်သေးတဲ့ စားဝတ်နေရေး အနာဂတ် အရေးများကိုတွေးကာ မှန်းဆမပူပင် မတမ်းတခြင်း၊

(၃) လက်ရှိပစ္စုပ္ပန်အခြေအနေပေါ်မှာသာ မကောင်းမှုကိုရှောင်ကာ ရောင့်ရဲမှုဖြင့် ချမ်းသာစွာနေထိုင် ခြင်းကို ဘုရား ဟောအရ တိကျစွာ လိုက်နာနေထိုင်သင့်ပါသတဲ့ ။ လွယ်လွယ်ပြောရရင်တော့ အတိတ်ကို တွေးပြီးမဆွေးပါနဲ့။ အနာဂတ်ကိုတွေးပြီးမငေးပါနဲ့။  ပစ္စုပ္ပန်တည့်တည့ှ်မှာပဲ လက်ရှိအခြေအနေကိုလက်ခံပါ။ လောကဓံကို ရင်ဆိုင်ရင်း  ကိုယ့်စိတ်  ကိုယ်သိဘဝအရှိကို   ဓမ္မအသိနဲ့ညှိယူကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

ဒါ့အပြင် လောကမှာ လူအချင်းချင်းဖြစ်ပေမယ့် ကံချင်းက မတူကြဘူးလေ။ ဒါ့ကြောင့် အဟောင်းကံကြောင့် အကောင်းစံ နေရသူတွေကို မုဒိတာပွားပြီး အဟောင်းကံကြောင့်  မကောင်းဒဏ်ခံနေရသူတွေကိုလည်း ကရုဏာထား ပေးလိုက် ပါလို့ ဆိုပါတယ်။ကံဆိုတာလည်း ပြိုင်လို့မရပေမယ့် ပြင်လို့တော့ရကြောင်း သိရပါတယ်။ သူ့ကံကို မပြိုင်နဲ့ ကိုယ့် ကံကိုပဲ ပြင်လိုက်တာ အကောင်းဆုံးဖြစ်ပါသတဲ့။  ကံပြင်တယ်ဆိုတာလည်း ကိုယ့်ရဲ့လုပ်ရပ်တွေကို ပြင်ရတာပါ။ ကိုယ်အမူအရာ နှုတ်အပြောအဆိုနဲ့ စိတ်အတွေးအကြံတွေကို ပြင်နိုင်ရင် ကိုယ်လည်း ဖြည်းဖြည်းနဲ့ ကံကောင်းလာပါ လိမ့်မယ်တဲ့။                                                                                                              လောကမှာ   အကောင်းမြင်တဲ့သူတွေရှိသလို  အဆိုးပဲထင်တတ်ကြတာလည်း ရှိတယ်နော်။ ကိုယ့်လုပ်ရပ်တွေကို တချို့က  လက်ခုပ်တီး အားပေး နေချိန်မှာ တချို့က ကိုယ့်အလုပ်မှာ ခလုတ်တွေ ဖြစ်နေတတ်ပါတယ်။

တချို့က ခွန်အားတွေ ပေးနေချိန်မှာ တချို့က ဖိအားတွေ ပေးနေပါလိမ့်မယ်။ တချို့က ကိုယ့်အပေါ် အချစ်တွေဝင် နေချိန်မှာ တချို့က အပြစ်တွေ မြင်နေပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာရင်ဆိုင်ရမယ့် လောကဓံမို့ကောင်းလို့လည်း မပြောင်းနဲ့။ မကောင်းလို့လည်း   မစောင်းပါနဲ့။ အကောင်း အဆိုးကြားမှာ   ဘဝပြောင်းမသွားဖို့က အဓိကပါ။

သေချာတာကတော့    ဘယ်လောက်ကောင်းတဲ့ သူဖြစ်နေပါစေ အကောင်းမပြောအကောင်းမြင် တဲ့သူတွေရှိနေမှာဖြစ် သလို ဘယ်လောက်ပဲ မကောင်း တဲ့သူဖြစ်ဖြစ်   အကောင်းမြင်အကောင်းထင်တဲ့သူတွေကလည်း ဝိုင်းဝိုင်းလည်နေမှာ ဓမ္မတာပါ။ ဒါ့ကြောင့်   အတွေ့အကြုံရယ်၊  တရားဓမ္မနာယူ ဖတ်မှတ်တာရယ်၊  ဆင်ခြင်နိုင်တဲ့စွမ်းအားရယ်  မိတ်ကောင်း ဆွေကောင်း ရှိတာတွေကမိမိဘဝမှာ အတက်အကျ အနိမ့်အမြင့်  လောကဓံကိုခံနိုင်ရည်ရှိအောင် အများကြီး အထောက်အကူ ပေးနိုင်သလို အထူးသဖြင့် အတွေ့အကြုံနဲ့ ဆင်ခြင်တုံတရားက ဘဝအတွက် ခွန်အားပဲဖြစ် တယ်လို့ဆိုပါတယ်။                                                                                          

ဘဝမှာ စိတ်ဓာတ်နဲ့ လုပ်ရပ်ဟာ သိပ်ကိုအရေးကြီးပါတယ် ။ စိတ်ဓာတ်ကို မပြင်ရင် ကိုယ့်စိတ်နဲ့ ကိုယ် သောကတွေ ပိုနေတတ်သလို စိတ်ဓာတ်ခံယူချက်မှားရင် စိတ်ခံစားချက်ပါမှားတတ်ပြီး လုပ်ရပ်ပါမှားတတ်ပါသတဲ့ ။ ဒါ့ကြောင့် ဘယ်နေ ရာဘယ် အလုပ် ဘယ်သူ့အပေါ်မှာပဲဖြစ်ဖြစ် ကိုယ့်စိတ်ဓာတ်နဲ့လုပ်ရပ်ကောင်းအောင် ကြိုးစားရမယ်။ သူများ

မကောင်းတာနဲ့ ကိုယ်ကပါလိုက်ပြီး သူ့လိုပြောင်းတာမျိုးမဖြစ်အောင် သတိဆောင်ရမှာပါ။ ကိုယ်မှ သူမဟုတ်တာဆိုတဲ့   ခံယူချက်နဲ့ စိတ်ဓာတ်လည်း ကောင်းလုပ်ရပ်လည်းကောင်းအောင် လေ့ကျင့်ယူရမှာဖြစ်ပါတယ်။

တကယ်တော့ လောကလူသားမှန်သမျှ ကိုယ့်သိက္ခာကိုယ်ယုံရင် ဘာမှကြောက်စရာမလိုသလို ဘယ်သူ့ကိုမှလည်း မနာလိုစရာယှဉ်ပြိုင်စရာရှင်းပြ စရာမလိုဘူးလို့ဆိုပါတယ်။ ဒီလိုပါပဲကိုယ့် စေတနာမှန်နေရင် ဘယ်သူ့ကိုမှ ကြွားဝါ ပြောပြနေစရာမလိုသလို မာန်လုပ်စရာလည်း မလိုပါဘူးတဲ့။ အရည်အချင်းမရှိတဲ့ သူက ကိုယ့်ထက်သာရင် မနာလိုဖြစ်ပြီး ကိုယ့်အကြောင်းကို ကိုယ်တိုင် ကောင်းကောင်းမသိသူကတော့ သူများ သိအောင်ဆိုပြီး မဟုတ်တာကို လည်း လုပ်ကြံ ကြွားဝါပြောဆိုတတ်ကြတာရှက်စရာပါ။ 

အဓိကအရေးကြီးတာကတော့ လူသားများ အနေနဲ့ ခဏတာရလာတဲ့ ဘဝမှာ စိတ်ထားကောင်းဖို့ လိုသလို စိတ်ကောင်း ထားဖို့ လည်းလိုအပ်ပါတယ်။ လောကလူသားအားလုံးလည်း အသုံးကျတဲ့ လူသားတစ်ယောက်ဖြစ်အောင်  ဘယ်နေရာဘာ အလုပ်မျိုးမဆို နှလုံးလှလှနဲ့ စိတ်စေတနာသန့်သန့် လေးထားပြီး ပြောဆိုပြုလုပ်ကာအေးငြိမ်းသာယာ

သော ဘဝများကို ရရှိခံစား နိုင်ကြပါစေ။ ။

ဆောင်းပါးရှင်-မေကျော့ရှင်း

Read 75 times
Rate this item
(0 votes)
Last modified on Friday, 19 April 2019 14:15