SJ WorldNews - шаблон joomla Авто

စတုတ္ထ အကြိမ်မြောက် သားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်း

Wednesday, 10 January 2018 12:28 font size decrease font size decrease font size increase font size increase font size

ပဲခူး  ဇန်နဝါရီ 

စတုတ္ထအကြိမ်မြောက် သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ သီရိဟံသာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က သူနာပြုစုမှုပညာ၊ သားဖွားအတတ်ပညာ တတ်ကျွမ်းမှု တစ်ခုတည်းနှင့် တင်မရကြောင်း၊ သူနာပြုသားဖွားများ၏ ကျင့်ဝတ်သိက္ခာနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် လိုကြောင်း၊ လူအများနှင့် ပြောဆိုဆက်ဆံရာတွင်  ချိုသာယဉ်ကျေးစွာ ပြုမူပြောဆိုဆက်ဆံနိုင်ရန် အရေးကြီးကြောင်း ပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီးဒေါ်မြမြစန်းက သင်တန်းသူ ၃၄ ဦးကို သားဖွားဒီပလိုမာ အောင်လက်မှတ်များ ပေးအပ်သည်။

သားဖွားသင်တန်းကျောင်း(ပဲခူး)ကို ၁၉၆ဝ ပြည့်နှစ်က ဖွင့်လှစ်ခဲ့ပြီး သားဖွားဒီပလိုမာ အောင်လက်မှတ်ရ ဆရာမ ၁၅၈ ဦးမွေးထုတ်ပေးနိုင်ခဲ့သည်။

အခမ်းအနားသို့ ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်၊ သူနာပြုသားဖွားသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်သင်တန်းသူများ  တက်ရောက်ကြကြောင်း သိရသည်။

Read 311 times Last modified on Wednesday, 10 January 2018 12:29