SJ WorldNews - шаблон joomla Авто

ကလေးမြို့၌ ကျောက်ကပ် သန့်စင်ဆေးစက် လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

Thursday, 11 January 2018 11:00 font size decrease font size decrease font size increase font size increase font size

ကလေး  ဇန်နဝါရီ  ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခုတင်၃ဝဝ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ အသုံးပြုရန် ကျောက်ကပ်သန့်စင်ဆေးစက် လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၉ နာရီက ပြည်သူ့ဆေးရုံအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက အဖွင့်အမှာစကား ပြောကြားပြီး အထူးကုဆရာဝန်ကြီး ဒေါက်တာဇော်လှိုင်တိုးက ကျောက်ကပ်သန့်စင်ဆေးစက်များ ရေရှည် အသုံးပြုနိုင်ရန်နှင့် ကျောက်ကပ်ကုသခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးမင်းနှင့် တာဝန်ရှိသူများက  ကျောက်ကပ်သန့်စင်ဆေးစက်၊   လေအေးပေးစက်နှင့် ရေသန့်စက် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ဆက်လက်၍ တက်ရောက်လာကြသူများက ကျောက်ကပ်သန့်စင်ဆေးစက် အသုံးပြုမှုနှင့်   လူနာများအား ကုသပေးမှုတို့ကို လေ့လာ ကြည့်ရှုကြကြောင်း သိရသည်။

Read 175 times Last modified on Thursday, 11 January 2018 11:01